မန္တလေး ကျွဲဆည်ကန်ဘဏ်ရှေ့တွင် တပ်စွဲထားသော စကစကင်းဗုံးပစ်ခံရ၍ စကစတပ်သား (၂) ဦး လေပေါ်မြောက်တက်သွားကာ သေဆုံး


ဇန်နဝါရီ ၁၈

မန္တလေး ၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီကင်းအား ယနေ့ ညနေပိုင်းက Rangers Of Mandalay နှင့် YNO MDY PDF မှ ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၂) ဦးသေဆုံးသွားကြောင်း သိရသည်။

" ၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင် တပ်စွဲထားသော စကစကင်းကို ROM PDF နှင့် YNO MDY PDF တို့ ပူးပေါင်း အသီးကျွေးခဲ့ရာ လေပေါ်မြောက်တက်သွားပြီး မြေကြီးကိုအနမ်းပေး၍ မနိုးသောအိပ်ခြင်းဖြင့် ငရဲပို့ပေးခဲ့ပါတယ်၊ အများအပြားထိခိုက်၍ မုန့်ဟင်းခါး (၂) ပွဲရရှိခဲ့ပါသည် " ဟု ROM အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးအတွင်း ပြည်သူများ​၏ ဆုတောင်းမေတ္တာပို့သမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိခဲ့ကြောင်း သိရသည်။


PDF Newsflash

မန္တလေး ကျွဲဆည်ကန်ဘဏ်ရှေ့တွင် တပ်စွဲထားသော စကစကင်းဗုံးပစ်ခံရ၍ စကစတပ်သား (၂) ဦး လေပေါ်မြောက်တက်သွားကာ သေဆုံး မန္တလေး ကျွဲဆည်ကန်ဘဏ်ရှေ့တွင် တပ်စွဲထားသော စကစကင်းဗုံးပစ်ခံရ၍ စကစတပ်သား (၂) ဦး လေပေါ်မြောက်တက်သွားကာ သေဆုံး Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.