အင်းစိန်ထောင်၌ အချုပ်ကားတွင်သံလိုက်ကပ်ကာ ထည့်ပေးလိုက်သည့် အဝေးထိန်း ဗုံးတစ်လုံးတွေ့


ရန်ကုန်၊ ဇန်နဝါရီ ၂၀

အင်းစိန်အကျဉ်းထောင်အတွင်း၌ ယနေ့နံနက် (၁၁) ‌နာရီကျော်က မပေါက်ကွဲသေးသည့် အဝေးထိန်းဗုံးတစ်လုံးတွေ့ရှိခဲ့သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းဝိုင်းမှ သိရသည်။

"အချုပ်ကားကို သူတို့က သံလိုက်နဲ့ကပ်ပြီးတော့ ဗုံးကိုထည့်ပေးလိုက်တာ။ ဒီရောက်တော့ ရဲမေတွေကတောင်ခြေထောက်နဲ့ကန်လိုက်သေးတယ်။ ဘာတုံးကြီးလဲဆိုပြီး။ အုတ်ရိုးဘက်လွင့်သွားတာ၊  မပေါက်သွားဘူး။"ဟု လူငယ့်ခေတ်၏ သတင်းရင်းမြစ်က ပြောသည်။

ထို့နောက် စစ်ဆေးကြည့်ရာတွင် အဝေးထိန်းဗုံးဖြစ်နေသည်ကိုတွေ့ရပြီး အရှည် တစ်ပေခန့်ရှိကြောင်း သိရသည်။

ဗုံးမပေါက်ကွဲရသည့် အကြောင်းမှာ အဝေးထိန်းစနစ်များကို ဖျက်ချသည့် Jammer ကရိယာများ အင်းစိန်ထောင်အတွင်း၌ တပ်ဆင်ထားခြင်းကြောင့်ဖြစ်ပြီး ထောင်ပေါ်ပျံဝဲလာသည့် ဒရုန်းများမှာလည်း ပျက်ကျဖူးသည်ဟု ဆိုသည်။

အဆိုပါဗုံးတွေ့ရှိမှုကြောင့် လက်ရှိ အင်းစိန်အကျဉ်းထောင်၌ လုံခြုံရေးတင်းကျပ်နေပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၆) ရက် ညကလည်း အင်းစိန်အကျဉ်းထောင် ဝန်ထမ်းအိမ်ရာတစ်ခု၌လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။


Lu Nge Khit

အင်းစိန်ထောင်၌ အချုပ်ကားတွင်သံလိုက်ကပ်ကာ ထည့်ပေးလိုက်သည့် အဝေးထိန်း ဗုံးတစ်လုံးတွေ့ အင်းစိန်ထောင်၌ အချုပ်ကားတွင်သံလိုက်ကပ်ကာ ထည့်ပေးလိုက်သည့် အဝေးထိန်း ဗုံးတစ်လုံးတွေ့ Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.