လက်ယက်မရွာမှ ဒေသခံ ၃၀၀ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ကြောင်းကို မိုင်းခွဲပါက မီးရှို့သတ်မည်ဟု ခြိမ်းခြောက်နေ


ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ် လက်ယက်မရွာမှ ဒေသခံ ၃၀၀ ကို အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် ထားပြီး အကြပ်ကိုင်ခြိမ်းခြောက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါရွာသားများကို ဓါးစာခံသဘောဖမ်းဆီးထားပြီး ရွာနီးချုပ်စပ်ကိုဝင်ရောက်မွှေနှောက်ခြင်း ၎င်းတို့လာချိန် တိုက်ခိုက်မှုများပြုလုပ်ပါက ဖမ်းထားသူများကို မီးရှို့သတ်မည်ဟု ခြိမ်းခြောက်နေကြောင်း မြိုင်မြို့နယ်ဒေသခံ တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

"စစ်တိုက်မှာဆို လူဆန်ဆန်တိုက်ပါ တိရစ္ဆာန်ဆန်သောပုံစံတွေမလုပ်ပါနဲ့ အဓိကပြောချင်တာကတော့ လူပီသစွာ လူဆန်စွာတိုက်ပွဲဝင်ကြရအောင်ပါ "ဟု ၎င်းက ထပ်မံပြောသည်။

ဖမ်းဆီးခံထားရသည့်‌ ဒေသခံရွာသား ၃၀၀ ကျော်မှာ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ပါဝင်နေပြီး လက်ယက်မရွာက ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းပြုလုပ်ခြင်းသည် လူမဆန်သည့်ဖက်ဆစ်မိစ္ဆာလုပ်ရပ်ဖြစ်ကြောင်းလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်တွင် ကယားပြည်နယ် ဖရူဆိုမြို့ မိုဆိုကျေးရွာအနီး၌ ကလေးသူငယ်များ အမျိုးသမီးများအပါအဝင် ပြည်သူများကိုဖမ်းဆီးကာ အစုအလိုက်အပြုံ လိုက်မီးရှို့ သတ်ဖြတ်ခဲ့သည်။


Lu Nge Khit

လက်ယက်မရွာမှ ဒေသခံ ၃၀၀ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ကြောင်းကို မိုင်းခွဲပါက မီးရှို့သတ်မည်ဟု ခြိမ်းခြောက်နေ လက်ယက်မရွာမှ ဒေသခံ ၃၀၀ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ကြောင်းကို မိုင်းခွဲပါက မီးရှို့သတ်မည်ဟု ခြိမ်းခြောက်နေ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.