ရန်ကုန်တက္ကသိုလ်ပါမောက္ခဒေါက်တာအာကာမိုးသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်၃နှစ်ချ


ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက်

စစ်ကောင်စီ၏ ၁၀လကျော်ကြာဖမ်းဆီးခံထားရသည့် ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာအာကာမိုးသူကို စစ်ကောင်စီက ဇန်နဝါရီလ ၁၉ရက်နေ့တွင် ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်သည်။

ဒေါက်တာအာကာမိုးသူ ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဒီကနေ့တွင် အလုပ်ကြမ်းမပါဝင်ဘဲ ထောင်ဒဏ်၃နှစ်ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှသိရသည်။

“ဆရာ့ကို ထောင်ဒဏ်၃နှစ် ဒီနေ့ချမှတ်လိုက်တာဖြစ်ပါတယ်။အလုပ်ကြမ်းမပါပါဘူး” ဟု ၎င်းနှင့် နီးစပ်သူက ဆိုသည်။

ဒေါက်တာအာကာမိုးသူသည် ပြီးခဲ့သည့်  မတ်လ၂ရက်နေ့က စစ်အာဏာရှင်ဆန့််ကျင်ရေးသပိတ်ပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် MICT Park ရှေ့တွင် စစ်ကောင်စီ ၏သေနတ်ထောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 “ဖမ်းဆီးထောင်ချမှုတွေအပေါ်မှာထူးထူးခြားခြားမှတ်ချက်‌ေပေးစရာမရှိပါဘူး။အမှန်တရားကိုစစ်ကောင်စီဆီကနေမျှော်လင့်လို့မရဘူး။ အကျဉ်းထောင်တံခါးတွေကို ကျနော်တို့လက်နဲ့ ရိုက်ဖွင့်မှရပါလိမ့်မယ်”ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌကိုမင်းဟန်ထက်ကပြောသည်။

ဒေါက်တာအာကာမိုးသူအပြင် အကျဉ်ထောင်များအတွင်း၌ စစ်ကောင်စီ၏ ဖမ်းဆီးမှုခံထားရပြီး ဆက်လက်တရားရင်ဆိုင်နေကာ အမိန့်ချခြင်းမပြုရသေးသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်နှင့် အတတ်ပညာရှင်များစွာလည်းရှိနေသေးသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇန်နဝါရီလ ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်များအရ စစ်ကောင်စီမှ ဖမ်းဆီးထားသူ ၁၁၆၃၈ဦးရှိကြောင်းသိရသည်။


Ayeyarwaddy Times

ရန်ကုန်တက္ကသိုလ်ပါမောက္ခဒေါက်တာအာကာမိုးသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်၃နှစ်ချ ရန်ကုန်တက္ကသိုလ်ပါမောက္ခဒေါက်တာအာကာမိုးသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်၃နှစ်ချ Reviewed by THITHTOOLWIN on 22:11 Rating: 5

No comments:

Powered by Blogger.