မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ပျူ၊ ဒလန်၊ စကစများ စုဝေးနေသော နေအိမ်ကို ဗုံးပစ်သွင်းခဲ့ဟုဆို၊

ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေးမြို့ ၃၅လမ်းနှင့် လမ်း၉ဝအနီးရှိ ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် တွေ့ရသည့် စကစများ/ Photo - ပေးပို့

ဇန်နဝါရီ - ၂၀

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အရှေ့ပတ္တာရပ်ရှိ စကစ သတင်းပေးတစ်ဦး၏ နေအိမ်၌ ပျူစောထီး၊ ဒလန်နှင့် စကစရဲများ စုဝေးနေချိန် ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Poisonous Young People – PYP MDY ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ(၁၉)ရက် ညနေ(၃)နာရီက မဟာအောင်မြေမြို့နယ်၊ သံလျက်မော် အရှေ့ရပ်ကွက်၊ အရှေ့ပတ္တာရပ်၊ အမေတက်သိမ်း နတ်နန်းအနီးရှိ စကစ သတင်းပေးဒလန် ညွှန့်ဝင်း ဆိုသူ၏ နေအိမ်၌ ၄င်းအပါအဝင် စကစ လက်နက်ကိုင်များနှင့် ပျူ၊ ဒလန် ခုနှစ်ဦးခန့် စုဝေးရောက်ရှိနေချိန် ဗုံးပစ်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒလန်ညွှန့်ဝင်း နေအိမ်တွင် ၄င်းအပါအဝင် စစ်ခွေး၊ ရဲခွေး၊ ဒလန် ခုနှစ်ဦး စုဝေး ရောက်ရှိနေသဖြင့် နေအိမ်အတွင်း သံပရာသီးတစ်လုံး ပစ်ကျွေး၍ ဆုံးမ ပေးလိုက်ပါသည်။ အထိအခိုက်များကို ဆက်လက် စုံစမ်းနေပါကြောင်း” ဟု PYP MDY က ဖော်ပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ MFP အနေဖြင့်လည်း အသေးစိတ် အခြေအနေများ မသိရသေးပါ။

လက်ရှိတွင် မန္တလေးမြို့၌ စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ဖိနှိပ်နေသလို စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံများနှင့် စစ်ကောင်စီ သတင်း ပေးဒလန်များလည်း ပစ်မှတ်ထားတိုက်ခိုက် ခံနေရသည်။


Mandalay Free Press - MFP

မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ပျူ၊ ဒလန်၊ စကစများ စုဝေးနေသော နေအိမ်ကို ဗုံးပစ်သွင်းခဲ့ဟုဆို၊ မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ပျူ၊ ဒလန်၊ စကစများ စုဝေးနေသော နေအိမ်ကို ဗုံးပစ်သွင်းခဲ့ဟုဆို၊ Reviewed by THITHTOOLWIN on 19:46 Rating: 5

No comments:

Powered by Blogger.