အသံတိတ်ရော၊ အသံထွက်ရော ဘာသပိတ်လုပ်လုပ် အရေးယူမည်ဟု အကြမ်းဖက်စစ်တပ်လက်အောက်ခံ စည်ပင်မှ လှိုင်သာယာမြို့တွင်း စာရွက်များလိုက်ဝေ


(ဇန်နဝါရီလ ၂၇ ရက်)

အကြမ်းဖက်စစ်တပ်မှ မြန်မာနိုင်ငံ၏အာဏာကို အဓမ္မသိမ်းယူခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် Silent Strike အသံပိတ်သပိတ်ဆင်နွှဲခြင်းဖြင့် အကြမ်းဖက်စစ်တပ်အား လက်မခံကြောင်း တိတ်ဆိတ်စွာဆန္ဒဖော်ထုတ်ရန် ပြည်သူအများမှ စီစဉ်ထားချိန်တွင် စစ်တပ်လက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသံတိတ်သပိတ်ရော၊ အသံထွက်သပိတ်ရော ဘာလုပ်လုပ် အရေးယူမည်ဟူသည့် ခြိမ်းခြောက်စာများအား လှိုင်သာယာမြို့နယ်တွင်း လိုက်လံဝေငလျက်ရှိ​ကြောင်း သိရသည်။

" ဆိုင်တွေဘယ်လောက်ဖွင့်ဖွင့် ဝယ်မယ့်သူမရှိဖို့ပဲ လိုတာပါ ဆိုင်တွေဖွင့်ထားပြီး C2D နေကြပေါ့။အဓိကက Silent Strike ဆိုတာ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုကိုယ်စားပြုတာပဲဟာ ဆိုင်တွေလည်း အဖွင့်ပြထားလိုက်ပေါ့ ပြည်သူတွေကလမ်းမထွက်တော့ပဲ  အိမ်ထဲမှာ C2D နေလို့ရတာပဲ " ဟု မြို့နေပြည်သူတစ်ဦးမှ သူ၏ထင်မြင်ယူဆချက်ကို ပြောသည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရ ရွေးကောက်ထားသောအစိုးရကို မဲသမာမှုရှိသည်ဟုဆိုကာ အာဏာသိမ်းခဲ့သော အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးတစ်နှစ်ကြာသည်အထိ ဒီမိုကရေစီစစ်စစ်ကိုလိုလားသော ပြည်သူများ၏ ထောက်ခံမှုကို တစိုးတစ်မျှပင် မရခဲ့သည့်အပြင် စစ်တပ်က နိုင်ငံတော်ကို မကာကွယ်ပဲ အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်နေသည့်အတွက် ပြည်သူများမှပြန်လည်တိုက်ထုတ်နေရခြင်းလည်း ဖြစ်သည်။


HTY Information

အသံတိတ်ရော၊ အသံထွက်ရော ဘာသပိတ်လုပ်လုပ် အရေးယူမည်ဟု အကြမ်းဖက်စစ်တပ်လက်အောက်ခံ စည်ပင်မှ လှိုင်သာယာမြို့တွင်း စာရွက်များလိုက်ဝေ အသံတိတ်ရော၊ အသံထွက်ရော ဘာသပိတ်လုပ်လုပ် အရေးယူမည်ဟု အကြမ်းဖက်စစ်တပ်လက်အောက်ခံ စည်ပင်မှ လှိုင်သာယာမြို့တွင်း စာရွက်များလိုက်ဝေ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.