ဇန်နဝါရီလ (၉) ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့။

           ကရင်နီပြည် ဒီး‌မော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၈) ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ဒေါဆိုရှေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက် မှ အထိနာ သဖြင့် နေ့လည်ပိုင်း (၁၄း၃၀) နာရီတွင် လေကြောင်းပစ်ကူဖြင့် (၃) ကြိမ်တိုင်တိုင် လာရောက် တိုက်ခဲ့ပါသည်။  လေကြောင်းပစ်ကူကို အကာအကွယ်ယူပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသွားသော ၄င်းတို့၏ တပ်သား အလောင်းများကို ပြန်လည်သယ်ဆောင်သွားခဲ့ပါသည်။ ထိုတိုက်ပွဲ အတွင်း KNDF မှ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင် ပစ္စည်များကို သိမ်းဆည်းရမိခဲ့ပါသည်။ 

           ဒေါဆိုရှေ့တိုက်ပွဲအတွင်း ကရင်နီတပ်မတော် မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါသည်။ တိုက်ပွဲအတွင်း ကျဆုံးသွားသောရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။

           လွိုင်ကော်မြို့ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်တို့တွင် ယနေ့မနက်ပိုင်း KNDF နှင့် PDF ပူးပေါင်း မဟာမိတ်အဖွဲ့များ နယ်မြေရှင်းလင်းစဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာမိနစ်အနည်းခန့်သာကြာမြင့်ခဲ့ပြီးထိခိုက်ကျဆုံးမှုကို မသိရပါ။ နယ်မြေရှင်းလက်မှုအတွင်း လက်နက်ငယ်တစ်လက်နှင့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမည့်ခဲ့ပါသည်။

           ယနေ့ညနေ (၁၅း၃၀) နာရီတွင်လည်း အကြမ်းဖက်စစ်ကောင်စီသည် ရှားတောမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော်၏ သင်တန်းကွင်းတစ်ခုကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှု တစ်စုံတရာမရှိခဲ့ပါ။







Karenni Nationalities Defense Force-KNDF

ဇန်နဝါရီလ (၉) ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ဇန်နဝါရီလ (၉) ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.