ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီဂိတ်တစ်ခုဝင်ပစ်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦးသေ


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၇ 

ထားဝယ်မြို့ကနေ ထိုင်းနိုင်ငံနယ်စပ်ထီးခီးရွာကို ဆက်သွယ်ထားတဲ့လမ်းမှာရှိတဲ့ ဝါးတောရွာက စစ်ကောင်စီဂိတ်တစ်ခု မနေ့ညက ဝင်ရောက်ပစ်ခတ်ခံခဲ့ရတယ်လို့ ထီးခီးကိုရောက်ရှိနေသူတွေထံက သိရပါတယ်။ 

ဇန်နဝါရီလ ၁၆ ရက်ည ၁၀ နာရီဝန်းကျင် မှာ ဝါးတောရွာက စစ်ကောင်စီဂိတ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဝါးတောရွာက ဂိတ်မှာ ခလရ ၂၆၇ တပ်ရင်းက တပ်သားတွေ ဂိတ်စောင့်လေ့ရှိပြီး ပုံမှန်အားဖြင့် ငါးဦးဝန်းကျင်ပဲ ဂိတ်စောင့်လေ့ရှိတယ်လို့ ထားဝယ်ကနေ ထီးခီးကို ပုံမှန်သွားလာနေသူတွေက ဆိုပါတယ်။ 

ဒီနေ့မနက်မှာတော့ အဲဒီဂိတ်မှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်ရောက်ရှိနေတယ်လို့ ၄င်းတို့ကဆိုပါတယ်။ 

လက်ရှိ အဲဒီဂိတ်နေရာမှာ စစ်ကောင်စီတပ်သားတွေ အရင်ကထက်ပိုပြီး အစစ်အဆေးတင်းကျပ်နေတယ်လို့ သိရပါတယ်။ 


The Tanintharyi Times


ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီဂိတ်တစ်ခုဝင်ပစ်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦးသေ ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီဂိတ်တစ်ခုဝင်ပစ်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦးသေ Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.