အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏ အစ်ကိုဖြစ်သူ ထောင် ၂ နှစ်ချမှတ်ခံရ


အိမ်မဲ၊ ဇန်နဝါရီ ၂၁ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူကို စစ်ကောင်စီက ထောင်ဒဏ်် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒေါ်ရီရီထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုမျိုးမင်းအောင်ကို စစ်ကောင်စီတပ်သားတွေ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန် ပိုင်းထဲမှာ ဒုတိယအကြိမ်ပြန်ခေါ်သွားပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။ 

“ သူက ဒီအကြိမ်က ဒုတိယအကြိမ်အဖမ်းခံရတာ ဘာမှမလုပ်တဲ့ နိုင်ငံရေးသမား ဖုန်းထဲမှာ သူ့ညီမကို ပြောခိုင်းတဲ့ အသံဖိုင်တွေ့သွားလို့ တရားစွဲခံရတာ အသံဖိုင်ကလည်း ဆန္ဒပြတုန်းက အသံဖိုင် အဲ့တာနဲ့ ထောင်ချတာ”လို့ နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရားဉပေဒမဲ့လုပ်ချင်တိုင်း လုပ်နေသလို စစ်တပ်က ဉပဒေအထက်မှာ ရှိနေပြီး အရာအားလုံးကို ချုပ်ကိုင်နေတာလို့ ရှေ့နေတဦးက ပြောဆိုပါတယ်။ 

စစ်ကောင်စီက အပြစ်မဲ့ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချတာခံခဲ့ရတဲ့ အစ်ကိုဖြစ်သူအတွက် စိတ်မကောင်းသလို့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက မှတ်ချက်ပေး ပြောဆိုပါတယ်။


Ayeyarwaddy Times 

အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏ အစ်ကိုဖြစ်သူ ထောင် ၂ နှစ်ချမှတ်ခံရ အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏ အစ်ကိုဖြစ်သူ ထောင် ၂ နှစ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.