မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ဇနီး ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို စစ်ကောင်စီက ဇန်နဝါရီလ ၃ရက်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဆိပ်ဇရပ်မြို့၊ သုံးခွကျေးရွာက နေအိမ်မှာရှိနေချိန် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့လာရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
သူတို့ကို ဖမ်းဆီးချိန် စစ်ကောင်စီဘက်က အိမ်အနီးဝန်းကျင်နဲ့နေအိမ်အတွင်းမှာ သေနတ်ပစ်ခတ်တာတွေလည်း လုပ်ခဲ့တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဒေါ်ခင်အေးမူရဲ့လက်ကို သေနတ်ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ - ဒေါက်တာအေးဇံကိုယ်တိုင်လည်း စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
BBC Burmese
မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံရဲ့ဇနီးနဲ့သား ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
17:36
Rating:
No comments:
Post a Comment