ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း၌ ယနေ့ ဇန်နဝါရီလ ၇ ရက် ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။
" ပစ်ခတ်သံတွေ ည ၈ နာရီကျော်ကျော်ထဲက ကြားနေရပြီး အခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ " ဟု ဒေသခံတစ်ဦးက ည ၉ နာရီခွဲအချိန်တွင်ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာအနီး မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့ကရိတ် ကျိုက်တုံလမ်းခွဲ နေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ် ဆီကားတစ်စီး မီးလောင်နေသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
သံလွင်ခက် - Than Lwin Khet News
ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွား၊ စကစ ဆီကားတစ်စီး အာရှလမ်းမပေါ်၌ မီးလောင်နေ
Reviewed by THITHTOOLWIN
on
00:40
Rating:
No comments:
Post a Comment