အရာတော် ဆည်ကြီးတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထား၊ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ


ဇန်နဝါရီ၁၉၊ မုံရွာ 

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် ဆည်ကြီးတောကျေးရွာကို အကြမ်းဖက်စစ်တပ်က ခြေလျင်စစ်ကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံများထံမှ သိရသည်။ 

အကြမ်းဖက်စစ်တပ်က ယနေ့နံနက်၉နာရီ ဝန်းကျင်ခန့်က ရွာအရှေ့တောခြေဘက်ကနေ ခြေလျင်စစ်ကြောင်းဖြင့် ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။ 

"ဒီမနက်၉နာရီဝန်းကျင်ခန့်က ရွာရဲ့အရှေ့ဘက် တောတွေထဲကနေဝင်လာတယ်။ကျွန်တော်တို့ ယာထဲအလုပ်လုပ်နေချိန် သူတို့ဝင်လာတာသိလို့ ထွက်ပြေးတယ်၊အခုဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်လို့ သိရတယ်၊မနက်ကတော့ ရွာထဲကကလေးတွေကိုခေါ်ပြီး တောနင်းရှာဖွေတယ်လို့ သိရတယ်၊အခုတော့ ကျွန်တော်တို့လည်း ပြေးနေရတယ်"လို့ ပြောသည်။ 

စစ်တပ်က ဆည်ကြီးတောကျေးရွာကို ရောက်ရှိလာပြီး ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်ကာ တောနင်းရှာဖွေမှုတွေပြုလုပ်နေပြီး ယခုထိရွာအတွင်းမှာရှိသေးသောကြောင့် ဒေသခံများကြောက်လန့်တိမ်းရှောင်နေရသည်ဟု ၎င်းကဆက်ပြောသည်။ 

"စစ်ကောင်စီတွေကအတင်းကိုယုတ်မာနေတာပေါ့နော်၊ဒေသခံတွေအနေနဲ့ကတော့ အာဏာသိမ်းပြီးလို့ပေါ့နော်၊ပြည်သူလူထုအားလုံးက တွန်းလှန်နေတာပေါ့နော်၊အခုလဲသူတို့ရောက်လာလို့ ကျွန်တော်တို့အခုချိန်ထိ မပြန်ရသေးဘူး"ဟု ဆိုသည်။

အာဏာသိမ်းစစ်တပ်ကြောင့် ဆည်ကြီးတောဒေသခံများထွက်ပြေးတိမ်းရှောင်နေရကာ ရွာထဲမှာတပ်စွဲထားသည့်စစ်ကောင်စီတပ်သားများ ဘယ်ကိုထွက်ခွာမလဲဆိုတာ မသိရသေးဘူးဟု သိရှိရပါသည်။


Chindwin Yoma Media

အရာတော် ဆည်ကြီးတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထား၊ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ အရာတော် ဆည်ကြီးတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထား၊ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.