ဓာတ်ပုံ CJ |
ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မအူကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၈ ရက်မနေ့ကညနေ ၅ နာရီဝန်းကျင်က တစ်ရက်တည်း ဒလန် ၅ ယောက်အသတ်ခံခဲ့ရသည်။
အဲဒီအသတ်ခံရသူများက စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို လိုက်လံပြသပေးခဲ့သူများဖြစ်ကာ ပျူစောထီးစာရင်းဝင်တွေဖြစ်ပြီး ကိုဂျာအေး ကိုအောင်ကျော်စံ တို့ မိသားစုနှစ်စုတို့ဖြစ်ကာ မနေ့ကညနေ ၅ နာရီဝန်းကျင်ကအသတ်ခံရတာဖြစ်တယ်လို့ အဲဒီဒေသနှင့်နီးစပ်သူတစ်ဦးထံက သိရပါတယ်။
"ကိုဂျာအေးတို့ လင်မယားနှစ်ယောက် ကိုကျော်စံတို့လင်မယားရယ် နောက်တစ်ဦးကတောမသိရသေးဘူး။ သူတို့က pdf စခန်းတွေရှိရာလိုက်ပြခဲ့သူတွေလို့သိရတယ်။ ပျူစောထီးစာရင်းဝင်တွေပေါ့။ မနေ့က ညနေ ၅ နာရီလောက်ကအသတ်ခံရတာလို့သိရတယ်" ဟု အဲ့ဒီဒေခံတစ်ဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဒလန်များ မကြာခနဆိုသလို အသတ်ခံရကာ ဇန်နဝါရီ ၁၀ ရက်နေ့ ၂နာရီခွဲအချိန်ခန့်ကလည်း ကူလဲအရှေ့ကျေးရွာမှ စစ်ကောင်စီသတင်းပေး အမျိုးသမီး ၂ ယောက်ဖြစ်သူ ဒေါ်ပွားခင်ဆိုသူနှင့်ဒေါ်မြင့်အေးတို့ အသတ်ခံခဲ့ရတယ်လို့အဲ့ဒီဒေသနှင့်နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲ့ဒီကျေးရွာများအနီးရှိတောတောင်များအတွင်း စကစတပ်သားများက စစ်ကြောင်းထိုးဝင်ရောက်နေကာ မင်းကင်းမြို့တွင်လည်းတင်းကျပ်စွာစစ်ဆေးမှု့တွေပြုလုပ်နေတယ်လို့ အဲ့ဒီဒေခံကဆိုပါတယ်။
မျက်မှောက်ခေတ်
No comments:
Post a Comment