ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုမှ ၁၀ဦးသေ


ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးတပ် ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုမှ ၁၀ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်)က ယနေ့(ဇန်နဝါရီ ၂၆)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက ကနီမြို့နယ် ဆင်အိုရွာအနီးချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာသော စစ်ရေယာဥ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ လေးနေရာခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"အကြမ်းဖက်စစ်ကောင်စီတပ်မှ စကစ (၁၀)ဦး သေဆုံးခဲ့သည်။ တော်လှန်ရေးတပ်များဘက်မှ စိုးရိမ်ရဒဏ်ရာ တစ်ဦး၊ သာမာန်ဒဏ်ရာ တစ်ဦး ထိခိုက်မှုရှိခဲ့သည်"ဟု ကနီပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အသိပေးသည်။

တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီ၏  စစ်ရေယာဥ်အုပ်စုသည် ချင်တွင်းမြစ်ကြောင်းအတွင်း ကနီမြို့နယ် ဘုမ္မဇင်းအရှေ့ရွာနှင့် ထောက်ကြံ့ကုန်းရွာအနီး တပ်ချထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါတိုက်ခိုက်မှုကို ကနီမြို့နယ် PDF တပ်ရင်း(၁)၊ မဟူရာကျားရိုင်းတပ်ဖွဲ့ ၊ M&K The Boys၊ KLG Kani PDF၊ ရွှေတွိဂံတပ်ရင်း၊KPDF (1) ၊ CDYH၊ MPDF ၊ IA အဖွဲ့များ၊ မဟာမိတ်ညီနောင် တော်လှန်ရေးတပ်များနှင့် ကနီမြို့နယ်ဒေသခံ ပ.က.ဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။


People's Spring 

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုမှ ၁၀ဦးသေ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုမှ ၁၀ဦးသေ Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.