ဂန့်ဂေါက ရွာတရွာကို စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေ ရွာလုံးကျွတ်မီးရှို့နေ


ဂန့်ဂေါ၊ ဇန်နဝါရီ ၁၈၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးပူပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၈ ရက် ဒီနေ့နေ့လည် ၁ နာရီလောက်ကစပြီး ရွာလုံးကျွတ်မီးရှို့နေတယ်လို့ Peploe Defence Force - Gangaw Battalion တာဝန်ခံက ပြောပါတယ်။ 

“မြောက်ခရမ်းကနေပြီးတော့ ပျူစောထီးနဲ့ စစ်ကောင်စီကစစ်သားတွေ လာရှို့ကြတာ၊ အင်အားကသူတို့က များတယ်။ အင်အား ၇၀ လောက်နဲ့လာရှို့သွားတာ၊ နေစရာအိမ်လည်းမရှိတော့ဘူး၊“ လို့ ပြောပါတယ်။ 

အိမ်ခြေ ၅၀ လောက်မီးထဲကိုပါသွားပြီး လက်ရှိအချိန်ထိလည်း မီးမငြိမ်းသက်နိုင်သေးလို့ ရွာသားတွေလည်း ဘေးလွတ်ရာကိုရှောင်းပြေးနေရတယ်လို့ သိရပါတယ်။ 

"ရွာကတော့ခုထိမီးလောင်နေတယ်၊ အိမ်ခြေကတော့ခုဆို ၅၀ လောက်ပါသွားပြီ၊ တရွာလုံးကိုရှို့တာဗျ၊ သိပ်မကျန်တော့ဘူး၊ အိမ်ခြေ ၂၀ လောက်ပဲကျန်တော့တာ၊ ရွာသားတွေကတော့ ဘေးရှောင်နေရတယ်။ ခုစစ်‌ဘေးမီး‌ဘေးရှောင်နေရတာကတော့ လူဦးရေတော့အတိအကျမသိဘူး၊“ လို့ Peploe Fefence Force -Gangaw Battalionတာဝန်ခံကဆက်ပြောပါတယ်။ 

ဂန်ဂေါနယ်က ကျေးရွာတွေမှာ မကြာခဏဆိုသလို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ဂန့်ဂေါက ရွာတရွာကို စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေ ရွာလုံးကျွတ်မီးရှို့နေ ဂန့်ဂေါက ရွာတရွာကို စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေ  ရွာလုံးကျွတ်မီးရှို့နေ Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.