ကန့်ဘလူ ဇီးကုန်းတွင် စခန်းမှူး ပါသည့် ကားကို နှစ်ကြိမ် မိုင်းဆွဲ၊ စကစများ အထိအခိုက်ရှိ၊



ဇန်နဝါရီ - ၆

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဇီးကုန်းမြို့ စခန်းမှူး လိုက်ပါလာပြီး ကင်းလှည့်နေသော ကားကို ယနေ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစများ အထိအခိုက် ရှိကြောင်း Kanbalu Underground Warriors – KBU UG ပြောက်ကျားတပ်က သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ (၆)ရက် ညနေ(၆)နာရီဝန်းကျင်က ကန့်ဘလူမြို့နယ် ဇီးကုန်း - ထန်းကုန်း - ကန့်ဘလူ လမ်းတလျှောက် လှည့်လည် ကင်းပတ်နေသော စကစ လက်အောက်ခံ ဇီးကုန်းရဲစခန်းမှူး လိုက်ပါလာသော ကားကို ငါးရာရွာနှင့် ရင်ခတ်ကုန်းရွာကြားတွင် တစ်ကြိမ်၊ ရင်ခတ်ကုန်းနှင့် ဇီးကုန်း ကြားတွင်တစ်ကြိမ် မိုင်းဆွဲခဲ့သည်ဟု ဆိုသည်။

“ပထမအကြိမ် ငါးရာနှင့် ရင်ခတ်ကုန်းကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ သိပ်မထိ၍ ဒုတိယအကြိမ်အဖြစ် ရင်ခတ်ကုန်းနှင့် ဇီးကုန်းကြားတွင် ထပ်မံမိုင်းဆွဲရာ စခများ အထိနာသွားပါသည်။ ၄င်းတို့ အထိနာသွားသဖြင့် ထိုတဝိုက်တွင် အူတဲ့ကောင်က အူ၊ ဟောင်တဲ့ကောင်က ဟောင်နေပြီး ညအထိ ဆက်ဟောင်နေ” ဟု KBU – UG က ထုတ်ပြန်သည်။

KBU – UG ပြောက်ကျားတပ်ဖွဲ့သည် ယမန်နေ့ ဇန်နဝါရီ(၅)ရက်ကလည်း ဇီးကုန်မြို့ရှိ စစ်တပ်ဦးပိုင်၏ MEC သကြားစက်အတွင်းမှ ထွက်လာမည့် စကစများ၏ လမ်းကြောင်းကို ကြိုတင်သတင်းရသဖြင့် ထနောင်းကိုင်းရွာ အနောက်ဘက်တွင် စောင့်ကြို၍ အဝေးထိန်းမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စကစ သုံးဦး ထိခိုက်ပြီး နောက်ကြောင်း ပြန်လှည့်သွားကြောင်း ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်သည် စကစ လက်သပ်မွေးထားသော ပျူများ အားကောင်းသော ဒေသဖြစ်သော်လည်း KBU – UG က စကစများကို ပြောက်ကျားတိုက်ခိုက်နေခြင်း ဖြစ်သည်။


Mandalay Free Press - MFP

ကန့်ဘလူ ဇီးကုန်းတွင် စခန်းမှူး ပါသည့် ကားကို နှစ်ကြိမ် မိုင်းဆွဲ၊ စကစများ အထိအခိုက်ရှိ၊ ကန့်ဘလူ ဇီးကုန်းတွင် စခန်းမှူး ပါသည့် ကားကို နှစ်ကြိမ် မိုင်းဆွဲ၊ စကစများ အထိအခိုက်ရှိ၊ Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.