လွိုင်ကော် ကယန်းသာယာလမ်းခွ၌ မဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး

ပုံစာ-ယနေ့တိုက်ပွဲတွင်း၌ သိမ်းဆည်းရမိသော ကျည်ဆံနှင့် ပစ္စည်းများ

ကရင်နီပြည် (ကယားပြည်နယ်) လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွ၌ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို မဟာမိတ်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့သည်ဟု KNDF ဖယ်ခုံဇုန် B-03 တပ်ရင်းက ထုတ်ပြန်ထားသည်။ 

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်  KNDF B02 တပ်ရင်း ၊ KNDF  03 တပ်ရင်း နှင့် အရှေ့ဘက်ကမ်း PDF အဖွဲ့တို့ သုံးဖွဲ့ပေါင်းပြီး ကယန်းသာယာလမ်းခွရှိ စစ်ကောင်စီတပ် စစ်ကြောင်းသို့ဝင်ပစ်ရာ  ဗိုလ်ကြီး ၂ ဦးနှင့်စစ်ကောင်စီ တပ်သား ၁၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးကြောင်းကို တိုက်ပွဲတွင်းမှ ရဲဘော်များ ပြောစကား နှင့် တပ်ခွဲမှူး၏ အစီရင်ခံစာတင်မှုများဖြင့် အတည်ပြု ထုတ်ပြန်ရခြင်းဖြစ်သည်ဟု 

KNDF B03 တပ်ရင်းမှ သတင်းပြန်ကြားရေး တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများခဲ့သည့်အပြင် ကျည်ဆံနှင့် ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ပြောသည်။ 


သံလွင်ခက် - Than Lwin Khet News

လွိုင်ကော် ကယန်းသာယာလမ်းခွ၌ မဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး လွိုင်ကော် ကယန်းသာယာလမ်းခွ၌ မဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.