လောင်းလုံး သကျက်တောရွာသားတစ်ဦး နတ်ပွဲက ကြက်ဝိုင်းမှာ သေနတ်ပစ်ခတ်ခံရ

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၃ 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောရွာသားတစ်ဦး ကြက်ဝိုင်းမှာ သေနတ်ပစ်ခတ်ခံရပြီး ဆေးရုံကို အရေးပေါ်ကားနဲ့ တင်ပို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေနတ်ပစ်ခတ်ခံရတဲ့သူကတော့ ဦးသန်းထိုက်ဆိုသူဖြစ်ပြီး တောကျဲရွာနတ်ပွဲမှာ ကြက်ဝိုင်းလုပ်နေတုန်း ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

“ဖြစ်တာက နေ့လည်တစ်နာရီလောက်မှာ ဖြစ်တာ။ သေနတ်ပစ်ခံရပြီး မိနစ်သုံးဆယ်လောက်ပဲကြာတယ်။ အရေးပေါ်ကားရောက်လာပြီး တင်သွားလိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒဏ်ရာပြင်းထန်တယ်ဆိုတာလောက်ပဲသိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မေးမြန်းအတည်ပြုလို့မရသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာလည်း မသိရသေးပါဘူး။ 

ဦးသန်းထိုက်ဟာ သကျက်တောကျေးရွာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထဲမှာ ပါဝင်ပြီးပြီး ဒလန်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ 

The Tanintharyi Times

လောင်းလုံး သကျက်တောရွာသားတစ်ဦး နတ်ပွဲက ကြက်ဝိုင်းမှာ သေနတ်ပစ်ခတ်ခံရ  လောင်းလုံး သကျက်တောရွာသားတစ်ဦး နတ်ပွဲက ကြက်ဝိုင်းမှာ သေနတ်ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 10:00 Rating: 5

No comments:

Powered by Blogger.