MFP ၊ ဇန်နဝါရီ - ၃၀
မန္တလေးတိုင်း မြင်းခြံမြို့နယ် ငါ့နန်းကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ဦး ဆိုသူ ယနေ့ ဇန်နဝါရီ(၃၀)ရက်တွင် အသတ်ခံရကြောင်း ဒေသခံများက ဆိုသည်။
မြင်းခြံမြို့နယ် ငါ့နန်းကျေးရွာနေ စစ်ကောင်စီခန့် ကျေးရွာငါးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ဦးသည် ယမန်နေ့က ၄င်း၏ ကျေးရွာအတွင်း လျှပ်စစ်မီတာခများ ခြိမ်းခြောက် ကောက်ခံနေပြီးနောက် ယနေ့ နေ့လည်ပိုင်းတွင် ဆီမီးခုံ - ငါ့နန်းလမ်း၌ အသတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ငါ့နန်းကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးသည် စစ်အုပ်စုနှင့် ပူးပေါင်းကာ ေးသခံပြည်သူများကို ဒုက္ခပေးနေသဖြင့် သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒလန်ရှင်းလင်းရေး ဇာမဏီ တပ်ဖွဲ့က ဆိုသည်။
“ပြည်သူများအား အမျိုးမျိုး ဒုက္ခပေးသလို ခွေးတွေခေါ်ပြီး ပြည်သူတွေကို ပစ်ဖမ်းခိုင်းခဲ့တဲ့ မြင်းခြံမြို့နယ် ငါ့နန်းကျေးရွာ ငါးရွာ အုပ်စု စကစ ခန့် အုပ်ချုပ်ရေးမှူး ဒလန်ပျူခေါင်းဆောင် ထွန်းနိုင်ဦးကို ခွေးတို့ သွားရာလမ်းကို ငရုတ်သီး လေးတောင့်ဖြင့် ပို့ဆောင်ပေးခဲ့သည်” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့က ဖော်ပြသည်။
အဆိုပါ စကစခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရမှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ အခြေအနေများ မသိရသေးပါ။
မြင်းခြံခရိုင်အတွင်း စကစနှင့် ပျူများ သောင်းကျန်းနေပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်နေသလို စကစခန့် အုပ်ချုပ်ရေးမှူးနှင့် စကစ သတင်းပေးဒလန်အချို့လည်း မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment