မွန်လူငယ်ညီလာခံမှ မွန်လူငယ်မူဝါဒကို အတည်ပြု


မော်လမြိုင် ၊ ဇန်နဝါရီ ၃၀

မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်‌မြေဖြစ်တဲ့ သထုံခရိုင်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယကြိမ်မြောက် မွန်လူငယ်ညီလာခံမှာ ‌ မွန်လူငယ်မူဝါဒကို အတည်ပြုကြောင်း မွန်လူငယ်ဆုံရပ် (MYF) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မွန်လူငယ်မူဝါဒကို အခြေခံပြီး မွန်ရဲ့ကံကြမ္မာ မွန်ဖန်တီးနိုင်ဖို့ ၊ ‌ပေါ်‌ပေါက်လာနိုင်ဖို့ လူငယ်တွေ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မွန်လူငယ်မူဝါဒမှာ အခန်းကြီး ၃ ခန်း၊ ပုဒ်မ ၂၆ ခုအထိပါဝင်နေပြီး ကဏ္ဍကြီး ၁၁ ခု ပါဝင်ပါတယ်။

ကဏ္ဍကြီး ၁၁ ခုမှာဆိုရင် လူငယ်ကို အ‌‌ခြေခံပြီးလူငယ်နဲ့ နိုင်ငံရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊စာပေ၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ရိုးရာယဉ်ကျေးမှု သုခုမမွန်၊ မူးယစ်ဆေးဝါး၊ဒေသ ဖွံ့ဖြိုးရေး နဲ့ သဘာဝပတ်ဝန်းကျင် သယံဇာတ ရေ၊မြေ ထိန်းသိမ်းရေးတို့ ဖြစ်ပါတယ်။

အဲဒီကဏ္ဍတွေကို လူငယ်တွေရဲ့အမြင်တွေအပေါ်မှာ  အပြန်အလှန်ဆွေးနွေးထားပြီး မွန်လူငယ်မူဝါဒဖော်ဆောင်ရေးနဲ့ ဆက်စပ်တဲ့မူတွေကိုလည်း လူငယ်တွေက သဘောတူအတည်ပြုခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မူဝါဒလုပ်ငန်းစဉ်မှာ ‌အကောင်ထည်ဖော်နိုင်ဖို့ မွန်လူငယ်ဆုံရပ် (MYF) က ကော်မတီအဖွဲ့ဝင်နဲ့ အတွင်းရေးမှူး‌အဖွဲ့အသစ်ကိုလည်း ရွေးချယ်ခဲ့ပါတယ်။

မွန်လူငယ်မူဝါဒဟာ မွန်လူငယ်တွေအားလုံးအတွက် အခြေခံမူအမြင့်ဆုံးဖြစ်ကာ အဲဒီမူပေါ်အခြေခံပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ မူဝါဒအပေါ် ချမှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း အရောက်သွားနိုင်ဖို့ မွန်နိုင်ငံရေးပါတီ၊မွန်အသင်းအဖွဲ့တွေ၊ မွန်ပြည်သူတွေနဲ့ ပေါင်းစပ်ပြီး အကောင်ထည်ဖော်သွားမယ်လို့ MYF က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်ခဲ့တဲ့ မွန်လူငယ်ညီလာခံမှာ မွန်သံဃာတော်တွေ၊မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့တွေအပါအဝင် သက်ဆိုင်ရာ မြို့နယ်နဲ့ ဒေသအသီးသီးက လူငယ်တွေ စုစုပေါင်း ၁၇၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

မွန်လူငယ်ညီလာခံဟာ လူငယ်အချင်းချင်းအကြားမှာ စုပေါင်းခေါင်းဆောင်မှု အရှိန်အဟုန်မြင့်ဖို့နဲ့ အမျိုးသားရေးတာဝန်တွေကို သူ့ကဏ္ဍနဲ့သူ ထမ်းဆောင်လာနိုင်ဖို့ ရည်ရွယ်ကျင်းပလာတာ ဖြစ်ပါတယ်။

ပထမအကြိမ် မွန်လူငယ်ညီလာခံကို ပြီးခဲ့တဲ့၂၀၁၄ မှာ မော်လမြိုင်မြို့က သာသနာ ၂၅၀၀ မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

ဓာတ်ပုံ - M3

မွန်လူငယ်ညီလာခံမှ မွန်လူငယ်မူဝါဒကို အတည်ပြု မွန်လူငယ်ညီလာခံမှ မွန်လူငယ်မူဝါဒကို အတည်ပြု Reviewed by THITHTOOLWIN on 16:33 Rating: 5

No comments:

Powered by Blogger.