မတ္တရာ ကောက်ရိုးပုံရွာကို စကစ ဝင်မွှေပြီးနောက် ကျေးရွာနေ သတင်းပေးဆိုသူ သုံးဦး အသတ်ခံရ

မတ္တရာမြို့နယ် ကောက်ရိုးပုံရွာကို ယနေ့ ဇန်နဝါရီ(၁၃)ရက်တွင် စစ်အုပ်စုက ဝင်မွှေကာ နေအိမ်များကို မီးရျို့ဖျက်ဆီးသွားစဉ်/ Photo - ပေးပို့

MFP ၊ ဇန်နဝါရီ - ၁၃

မန္တလေးတိုင်း မတ္တရာမြို့နယ် ကောက်ရိုးပုံရွာကို စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ယင်းကျေးရွာနေ တပ်သတင်းပေးဟုဆိုသူ အမျိုးသားသုံးဦး ယနေ့ အသတ်ခံရကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၁၃)ရက် နေ့လည်ပိုင်းတွင် ကောက်ရိုးပုံရွာနေ စစ်ကောင်စီသတင်းပေး၊ ဒလန်အဖြစ် နာမည်ထွက်သူ သားအဖ နှစ်ဦးအပါအဝင် အမျိုးသား သုံးဦး ဓားခုတ် အသတ်ခံရသည်ဟု ဆိုသည်။

"အသတ်ခံရတာက ကိုဇော်ဝင်းရယ်၊ ဦးရာဝင်းရယ်၊ သူတို်က သားအဖပေါ့။ နောက်တစ်ယောက်က ကိုသန်းဆောင်ပေါ့။ သုံးယောက်၊ နေ့လည်၂နာရီလောက်က ဓားနဲ့ခုတ် အသတ်ခံရတာ" ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ အမျိုးသား သုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေး။

ယနေ့ မနက်ပိုင်းတွင် ကောက်ရိုးပုံရွာသို့ စကစများ စီးနင်းဝင်ရောက် မွှေနှောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။ ထိုသို့ ကျေးရွာအတွင်း ဝင်မွှေခံရပြီး နာရီပိုင်းအကြာတွင် အထက်ပါအတိုင်း လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"အသတ်ခံလိုက်ရတဲ့လူ သုံးဦးက စကစကို သတင်းပေးတယ်။ ရပ်ရွာကိုလည်း သူတို့ပြောလို့ စကစက ဝင်မွှေနေတာ နှစ်ခါ၊ သုံးခါ ရှိပြီ။ ဟိုအရင်ကတော့ ဘာမှ မလုပ်ဘူး။ အခုမှ မခံနိုင်လို့ လုပ်တာနဲ့ တူတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

မတ္တရာမြို့နယ်ရှိ ကျေးရွာများသိုပလည်း စစ်အုပ်စုက ဝင်မွှေကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် တန်ဘိုးကြီး ပစ္စည်းများ ခိုးယူလုယက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။

Mandalay Free Press - MFP

မတ္တရာ ကောက်ရိုးပုံရွာကို စကစ ဝင်မွှေပြီးနောက် ကျေးရွာနေ သတင်းပေးဆိုသူ သုံးဦး အသတ်ခံရ မတ္တရာ ကောက်ရိုးပုံရွာကို စကစ ဝင်မွှေပြီးနောက် ကျေးရွာနေ သတင်းပေးဆိုသူ သုံးဦး အသတ်ခံရ Reviewed by THITHTOOLWIN on 09:46 Rating: 5

No comments:

Powered by Blogger.