မြိုင်၊ ဇန်နဝါရီ ၇၊ ၂၀၂၂၊
မြိုင်မှာ စစ်ကောင်စီတပ်သားတွေစီးလာတဲ့ယာဥ်တန်း ဇန်နဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ မြိုင် PDF ဆီကသိရပါတယ်။
အင်အား ၆၀ ပါ စစ်ကား ၂ စီးကို မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောရွာအနီးမှာ မနက် ၁၁ နာရီက ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်အကြာ လင်းကတောရွာအနီးမှာ ထပ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိုင်PDF တာဝန်ခံ Cross ကပြောပါတယ်။
“လူအထိအခိုက်လည်းရှိတယ်၊ အတိအကျတော့မသိနိုင်ဘူး၊ ပထမပွိုင့်မှာမိုင်းဆွဲတာက ၁၁ နာရီ ၁၀ မိနစ် ဒုတိယပွိုင့်က ၁၁ နာရီ မိနစ် ၃၀ မှာဖောက်ခွဲတာ၊ ကျနော်တို့က တစ်ပွိုင့်ကို မိုင်း ၁၅ လုံးထားတာ၊ “ လို့သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့သိရပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မြိုင် PDF ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနေ့က မနက် ၄ နာရီကလည်း ပေါက်မြို့နယ်ရှိ သရက်ကန် ရဲစခန်းကို ရှော့ တိုက်ဒုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ရဲတဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment