ကောလင်းမြို့နယ်အတွင်း ရွှေတွင်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က နေအိမ်အတွင်း မွှေနှောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူသွား
Photo: KR-Team |
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ခြမ်း ရွှေတွင်းရွာတွင် ဇန်နဝါရီလ(၂၇)ရက်နေ့ကစပြီး တပ်စွဲသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ့အိမ်ထဲ ဝင်ရောက်ကာ ပစ္စည်းများခိုးယူသည့်အပြင် အိမ်တွင်းပစ္စည်းများကိုလည်း မွှေနှောက် ဖျက်ဆီးသွားကြောင်း ကောလင်း PDF က ယနေ့ ဇန်နဝါရီလ(၃၀)ရက်တွင် သတင်းထုတ်ပြန်လာသည်။
တပ်စွဲထားသည့်ကာလအတွင်းမှာလည်း နေအိမ်တွင် မွေးထားသည့် ကြက်များကိုသတ်၍ ချက်စားသွားကြောင်းလည်းသိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်း ဝင်ရောက်ကာ PDF ရှာဖွေသည်ဟု အကြောင်းပြပြီး ရွာတွင် တပ်စွဲခြင်း၊ နေအိမ်အတွင်း မွှေနှောက်ရှာဖွေခြင်းများအပြင် နေအိမ်အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားသည့် အကျင့်စရိုက်များသည် ၎င်းတို့အတွက် ပြုကျင့်လေ့ရှိသည့် အလေ့အထတစ်ခုပင် ဖြစ်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
Tachileik News Agency
ကောလင်းမြို့နယ်အတွင်း ရွှေတွင်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က နေအိမ်အတွင်း မွှေနှောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူသွား
Reviewed by THITHTOOLWIN
on
22:32
Rating:
No comments:
Post a Comment