ဒီပဲယင်းမြို့နယ်မှ ထွက်ခွာလာသော စကစတပ်များအား မဟာမိတ်တပ်များ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံး၍ (၃) ဦးဒဏ်ရာရရှိ


ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှ ထွက်လာသောစကစအင်အား (၇၀) ကျော်အား ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် Free Rangers Depeyin တပ်ဖွဲ့နှင့် မဟာမိတ်တပ်များ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ခွေး (၅) ကောင်ခန့် သေဆုံးနိုင်ပြီး (၃) ကောင်ခန့်ဒဏ်ရာရနိုင်တယ်လို့  မျက်မြင်သက်သေများကအတည်ပြုပါသည် " ဟု Free Rangers Depeyin ကထုတ်ပြန်သည်။

ထို့နောက် Free Rangers Depeyin မှ ရဲဘော်များ လုံခြုံရာသို့အထိခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြောင်း သိရသည်။


PDF Newsflash

ဒီပဲယင်းမြို့နယ်မှ ထွက်ခွာလာသော စကစတပ်များအား မဟာမိတ်တပ်များ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံး၍ (၃) ဦးဒဏ်ရာရရှိ ဒီပဲယင်းမြို့နယ်မှ ထွက်ခွာလာသော စကစတပ်များအား မဟာမိတ်တပ်များ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံး၍ (၃) ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 22:46 Rating: 5

No comments:

Powered by Blogger.