ကလေးမြို့က ဆွံ့အ နားမကြား ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်


ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မှာရှိတဲ့  ဆွံ့အနားမကြား  ပြည်သူတစ်ဦးကို  အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်ခက်ကိုပြောပါတယ်။

ကလေးမြို့ အောင်သစ်စာရပ်ကွက်မှာနေထိုင်တဲ့  ဆွံ့အနားမကြားသူ အသက် ၂၂ အရွယ်ရှိတဲ့  ရဲရင့်ဇော်ကို ယခုလ  ဇန်နဝါရီ ၁၅ ရက်  ည ၉နာရီ ဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်သွားခဲ့တာဖြစ်ပါတယ် ။

 စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ ပစ်သတ်သွားခဲ့လို့ သေဆုံးသွားခဲ့တဲ့ မောင်ရဲရင့်ဇော်ကို ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ် ၂နာရီ  ဒိုးဝိုင်းချောင်းသုသာန်မှာ သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းတွင်းမှာ ပြည်သူလူထုအသက်‌သေဆုံးစေတဲ့အထိ ပစ်ခက်မှုတွေနဲ့  နေရာအနှံ့ဖောက်ခွဲမှုတွေပြုလုပ်နေပေမယ့် ကလေးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းက နေ့စဉ် ချီတက်ဆန္ဒဖော်ထုတ်နေကြပါတယ်။

ကလေးမြို့မှာ ဖော်ဝါရီလ ၁ ရက် နေ့စစ်ကောင်စီအာဏာသိမ်းပြီးနောက် သပိတ်ခေါင်းဆောင်တစ်ဦး စုဆောင်းထားတဲ့ စာရင်းအရ  စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ပြည်သူပေါင်း ၁၀၀ကျော်ရှိပြီလို့သိရပါတယ်။


သံလွင်ခက် - Than Lwin Khet News

ကလေးမြို့က ဆွံ့အ နားမကြား ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ် ကလေးမြို့က ဆွံ့အ နားမကြား ပြည်သူတစ်ဦးကို  စစ်ကောင်စီတပ် ပစ်သတ် Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.