ဘီးလင်းမှတက်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၆ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ဇန်နဝါရီလ ၁၁ ရက်နေ့၊ ၂၀၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီး၊ ဆူးချောင်းကျေးရွာဖက်သွားသောကားလမ်းတွင် ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်အချိန်မှာ ဘီးလင်းမှတက်လာတဲ့စစ်ကောင်စီယာဉ် ၆ စီးပါယာဉ်တန်းကို ဆူးချောင်းကျေးရွာနားရှိတံတားတွင် KNLA တပ်ရင်း ၃ တပ်ခွဲ ၃ အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်တာကြောင့် ကား ၁ စီးတိမ်းမှောက်ပြီး ကားမောင်းသူအပါအဝင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မှူးတစ်ဦးကပြောပါတယ်။ 

"ကားတွေကဘီးလင်ကနေတက်လာတယ်။ အမှတ် ၅ တပ်မဟာ ဖက်ကိုဦးတည်သွားတယ်။ စစ်လက်နက်ပစ္စည်းနှင့်ရိက္ခာပါသယ်ဆောင်သွားတယ်။ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ အင်အား ၃၉ ဦးပါတယ်" လို့ပြောပါတယ်။

လက်ရှိ ဖာပွန်မြို့ဗျူဟာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ငွေများပြတ်လပ်ပြီး လစာ မရရှိကြသေးသလို ရိက္ခာလည်းပြတ်လပ်နေပြီး စကေးဖြင့်သာပေးဝေစားသုံးနေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။ 

ဇန်နဝါရီလ ၉ ရက်နေ့မနက်မှာလည်း ဖာပွန်အနောက်ဖက်ကမ်းရှိတံတာထိပ်မှာတပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့တို့ကို KNLA ဖက်မှသွားရောက်ပစ်ခတ်ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူးတစ်ဦးကပြောပါတယ်။

အောင်လေး၊ Salween Press 

ဘီးလင်းမှတက်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၆ ဦးသေ၊ ၁ ဦးဒဏ်ရာရ ဘီးလင်းမှတက်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၆ ဦးသေ၊ ၁ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 05:44 Rating: 5

No comments:

Powered by Blogger.