ကလေးနဲ့ ချင်းတောင် တိုက်ပွဲ (၁၁)ရက်အတွင်း စစ်ကောင်စီတပ်ဘက်က (၇၅)ဦး သေဆုံး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံး


ဇန်နဝါရီ ၂၃ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းတောင်သို့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ဇန်နဝါရီ ၁၂ ရက်ကနေ မနေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၇၅)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို CDM Siyin, Chinland Defense Force-Kalay, Kabaw, Gangaw (CDF-KKG)ရဲ့ တပ်ရင်း(၂)၊ ချင်းတပ်မတော် (CNA), PDF Zoland, ကလေး PDF တပ်ရင်း ၃၊၈၊ ၉, Zogam Army, PDA, CNDF နဲ့ Zomi PDF တို့က တိုက်ခိုက်ခဲ့တယ်လို့ CDF-KKG က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာ စစ်တပ်အင်အား (၁၀၀)ခန့်ဟာ ခရီးသွားပြည်သူကို ဓားစာခံလုပ်ပြီး ချင်းတောင်သို့ ချီတက်ခဲ့ရာ ဇန်နဝါရီ ၁၃ ရက် ထေးဇန်ရွာအနီး တော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ပါတယ်။

ထေးဇန်ရွာ ကော်ဖီခြံမှ အိမ် ၃ လုံး မီးရှို့ခံရပြီး ဇန်နဝါရီ ၁၄ ရက် တိုက်ပွဲမှာ စစ်တပ်ဘက်မှတစ်ဦး သေဆုံးပြီးတော့ တော်လှန်ရေးအဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ပြီး ဟိန်ဇိန်ရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၇ ရက်မှာ စစ်ကူ တက်လာတဲ့ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀)ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က ဟိန်ဇိန်ရွာအနီး အသေးစားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဟိန်ဇိန်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဇန်နဝါရီ ၂၁ ရက်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ (၁၅)ဦး သေဆုံးပြီး တော်လှန်ရေးအဖွဲ့ဝင်ဘက်မှ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၂ ရက် ZRA နဲ့အတူ စစ်တပ်အင်အား (၁၀၀)ထက်မနည်း ဟိန်ဇိန်ရွာမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို ကူညီဖို့ ချင်းပြည်နယ် တီးတိန်ကနေ ချီတက်လာပြီး အဝေးပစ် လက်နက်ကြီးအပါအဝင် ရဟတ်ယာဥ် အသုံးပြုတိုက်ခိုက်ရာ တော်လှန်ရေးအဖွဲ့ဝင်တွေက သိုင်းငင်းကျေးရွာကနေ အထိအခိုက်မရှိ ဆုတ်ခွာပေးခဲ့ရပြီးတော့ တိုက်ပွဲအတွင်း စစ်သား (၄၀)ဦး သေဆုံးခဲ့ပါတယ်။

ဆယ်ရက်ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံးခဲ့ပါတယ်။


Shwe Phee Myay News Agency 

ကလေးနဲ့ ချင်းတောင် တိုက်ပွဲ (၁၁)ရက်အတွင်း စစ်ကောင်စီတပ်ဘက်က (၇၅)ဦး သေဆုံး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံး ကလေးနဲ့ ချင်းတောင် တိုက်ပွဲ (၁၁)ရက်အတွင်း စစ်ကောင်စီတပ်ဘက်က (၇၅)ဦး သေဆုံး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံး Reviewed by THITHTOOLWIN on 01:07 Rating: 5

No comments:

Powered by Blogger.