ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးညီမကို ကျန်းမာရေးဝန်ကြီးဌာတိုင်းရင်းဆေးပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်
ဓာတ်ပုံ - ဒေါက်တာ စုစုဒွေး။ |
ဇန်နဝါရီလ ၉ ရက်နေ့၊ ၂၀၂၂
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရဲ့အတွင်းရေးမှူးရာထူးယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ညီမအရင်း ဒေါက်တာစုစုဒွေးအား ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနရဲ့ ညွန်ကြားရေး မှူးချုပ်အဖြစ် မကြာသေးခင်က ခန့်အပ်လိုက်တယ်လို့ကျန်းမာရေးဝန်ကြီးဌာမှစုံးစမ်းသိရှိရသည်။
ဒေါက်တာစုစုဒွေးသည် အာဏာမသိမ်းခင်ထိ မန္တလေးတိုင်းဒေသကြီးမန္တလေးဆေးရုံကြီးတွင်ဆေးရုံအုပ်ကြီးအ ဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး CDM မလုပ်ခဲ့သူလဲဖြစ်သည်။
အခုလို ကုသရေးဖက်တွင်တာဝန်ယူထားသောဆေးရုံအုပ်ကြီးများအား ဝန်ကြီးဌာနများတွင် ညွန်ကြားရေးမှူးချုပ် ရာထူးပေးခြင်းအား စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေခေတ်တွင်သာဆောင်ရွက်ခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်ခေတ်ကစလို့ဆောင်ရွက်လေ့မရှိတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးကဆိုသည်။
ဆေးရုံအုပ်ကြီးတစ်ဦးအားအခုလိုကျန်းမာရေးဝန်ကြီးဌာနတွင်ညွှန်ကြားရေးမှူးချုပ်တာဝန်ပေးအပ်ခြင်းဟာ ဝန်ကြီးဌာနတွင် ဒီထက်မြင့်သောရာထူးများပေးလို၍ တာဝန်ပေးခြင်းဖြစ်နိုင်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းအချို့ကသုံးသပ်ပြောဆိုပါတယ်။
Salween Press
No comments:
Post a Comment