မုံရွာချင်းတွင်းမြစ်တွင် စစ်ကောင်စီထောက်ပို့ရေယာဉ်တိုက်ခိုက်ခံရ ဗိုလ်တဦးအပါအဝင် ၆ ဦးသေဆုံး


မုံရွာ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၂။

မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်းဆန်တက်လာသော စစ်ကောင်စီထောက်ပို့ရေယာဉ်များတိုက်ခိုက်ခံရပြီး  စစ်ကောင်စီဘက်မှ ၃ ပွင့်ဗိုလ်နှင့်စစ်သား ၅ ဦးသေဆုံးကြောင်း Kani People's Defense Force KLG ထံကသိရသည်။

ချင်းတွင်းမြစ် မုဋ္ဌောရွာနှင့် ညောင်ပင်ဝန်းရွာကြားတွင် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်များနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ်အဖွဲ့ ၄ ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ က ယင်းသို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ကုန်းပေါ်တက်လာတာစစ်ကောင်စီအင်အား ၇၀ လောက်ရှိတယ်၊ သေတာတော့ ၆ ယောက်သေပါတယ်၊ ၃ ပွင့်ဗိုလ် ၁ ယောက်ပါတယ်လို့သိရပါတယ်၊" Kani People's Defense Force KLG တာဝန်ခံကပြောသည်။

တိုက်ခိုက်မှုကိ KLG PDF, MPDF, Golden Triangle Forces, M&K The Boys, မဟာမိတ်အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။


မြေလတ်အသံ - Myaelatt Athan 

မုံရွာချင်းတွင်းမြစ်တွင် စစ်ကောင်စီထောက်ပို့ရေယာဉ်တိုက်ခိုက်ခံရ ဗိုလ်တဦးအပါအဝင် ၆ ဦးသေဆုံး မုံရွာချင်းတွင်းမြစ်တွင် စစ်ကောင်စီထောက်ပို့ရေယာဉ်တိုက်ခိုက်ခံရ ဗိုလ်တဦးအပါအဝင် ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.