မြို့ပြတော်လှန်ရေးကို အထောက်အကူပြုဖို့ ပြည်သူတိုင်း သတင်းပို့ကြပါစို့။


မြို့ပြတော်လှန်ရေးကို အထောက်အကူပြုဖို့ ပြည်သူတိုင်း သတင်းပို့ကြပါစို့။

‼️ တော်လှန်ရေး တစ်နှစ်ပြည့်ခါနီး ဖြစ်လာတဲ့အချိန်မှာ သက်ဆိုင်ရာကို ပုံမှန်သတင်းပေးတဲ့ တာဝန်သိပြည်သူ အရေအတွက် ပိုပိုများလာဖို့ လိုအပ်လာပါတယ်။ 

စစ်ကြောရေးထဲ ရောက်ပြီး လူမဆန်အောင် နှိပ်စက်ခံရတဲ့သတင်း ကြားမှ နှလုံးကြေကွဲ ဝမ်းနည်းနေမဲ့အစား ပြည်သူများ အားလုံး တက်တက်ကြွကြွ သတင်းပေးပေးကြဖို့ RSN နဲ့ မြိုပြ​​ပျောက်ကြား အင်အားစုများအားလုံးက ဒီစာနဲ့ နှိုး​ဆော်လိုက်ပါတယ်။

▪️ မြို့ပြပျောက်ကြားတွေ ဖမ်းဆီးခံနေရတာ၊ ကွင်းဆက်လိုက် ထောင်ဖမ်းခံရတာတွေ ခဏခဏ ဖြစ်နေတာကို ပြည်သူတွေ ဘယ်လို ကူညီ တားဆီးနိုင်မလဲ။

💥 ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားနေရင်း စခ၊ ရခ လှုပ်ရှားမှု မြင်သမျှကို သတင်းပေးပို့ပေးခြင်းဖြင့် တစ်ဖက်တစ်လှမ်းက ပါဝင် ကူညီ ကာကွယ်ပေးနိုင်ပါတယ်။ 

▪️ဘယ်လိုသတင်းမျိုးတွေ ပေးရမှာလဲ။

💥 မြိုတွင်းပျောက်ကြားစစ်ဆင်ရေးမှာ ပြည်သူတွေပေးတဲ့ သတင်းအချက်အလက်တွေက အသေးစိတ်ကအစ အခရာ ကျပါတယ်။ မြင်သမျှကို သွေးအေးမသွားပဲ အရေးကြီး သတင်းများ ဖြစ်တဲ့ - 

🔺တပ်တွင်း သတင်း၊ ဌာနတွင်း သတင်းများနှင့်

🔺 မိမိမြင်တွေ့နေတဲ့ စခ၊ ရခ၊ ဘဲဥ၊ ဒလန်တွေရဲ့

1. ကင်းစောင့်၊ တပ်စွဲ အနေအထားများ၊ 

2. ဖမ်းဆီး စစ်ဆေးနေမှုများ၊

3. ကားတန်းများဖြင့် သွားလာနေခြင်းများ၊

4. CCTV 

5. barrier, zig zag အချက်အလက်တို့ကို အမြဲကြည့်ရှုနေပြီး သတင်းမပြတ် ပို့​ပေးဖို့ လိုပါတယ်။ 

▪️ဘယ်ကို သတင်းပေးပို့ရမှာလဲ။

💥 Telegram Account https://t.me/inform_RSN ကို လုံခြုံစိတ်ချစွာ သတင်းပေးပို့လို့ ရပါတယ်။ ပေးပို့သော သတင်းများကို အတွင်းသတင်း၊ အပြင်သတင်း စိစစ်ပြီး Rangoon Scout Network - Telegram Channel မှာ ပြန်လည်ဖော်ပြပေးနေပါတယ်။ 

Facebook ပေါ်မှာ Post တင်ရေးတဲ့ Keyboard Fighter အချိန် မဟုတ်တော့ပါဘူး၊ Telegram မှာ Scout လုပ်ကြဖို့အချိန် ရောက်နေပါပြီ။

မိမိမိတ်ဆွေများကိုလည်း တိုက်တွန်း နှိုး​ဆော်​ပေးပါ။ ဒီပို့စ်​ကိုလည်း ​ကော်ပီကူးပြီး တင်​ပေးနိုင်ပါတယ်။ ကျေးဇူးပြု၍ ထောက်လှမ်းရေးကဏ္ဍမှာ ပိုမိုတက်ကြွစွာ ပါဝင်ပေးကြ​စေချင်ပါတယ်။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။


D-Day Channel

မြို့ပြတော်လှန်ရေးကို အထောက်အကူပြုဖို့ ပြည်သူတိုင်း သတင်းပို့ကြပါစို့။ မြို့ပြတော်လှန်ရေးကို အထောက်အကူပြုဖို့ ပြည်သူတိုင်း သတင်းပို့ကြပါစို့။ Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.