တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့။

လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီး၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းပုန်း စခန်းတစ်ခုကို ယနေ့မနက် (၃း၃၀)နာရီတွင် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့မျာမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲမှာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ (၁၅) ဦးသေဆုံးကာ၊ အများအပြားထိခိုက်ခန့်ဒဏ်ရာရခဲ့ပါသည်။

 ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီနှင့် (၅) မိုင်၊(၆)မိုင်တို့်တွင် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့ နှစ်ဘက်စလုံးမှ  စစ်ကြောင်းသုံးကြောင်းဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ  ‌ဒေါပိုးစီနှင့် (၅)မိုင်၊ (၆) မိုင်တို့တွင် ယနေ့ မနက် (၈း၀၀) နာရီမှ ညနေ (၁၅း၃၀) နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ (၈) ဦးသေဆုံးကာ (၅) ဦးနှင့်ဒဏ်ရာရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အထိနာသဖြင့်၊  တင့်ကားများ အသုံးပြုခဲ့ပြီး၊ သေဆုံးသွားသောတပ်သားအလောင်းများအစဖျောက်ရန်အတွက် ရုပ် အလောင်းများကို အိမ်ထဲထည့်မီးရှို့ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆) မိုင်ကျေးရွာ အတွင်း နေအိမ် (၄) လုံးနှင့် အထက် မီးရှို့ဖျက်စီးခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆို (၆) မိုင် နှင့် ဘက်တလင် ကျေးရွာအထိ တပ်ဖြန့်ကာ စစ်ကြောင်းထိုးလျက်ရှိပါသည်။ မိမိတို့ဘက်မှ တစုံတရာ ထိခိုက်မှုမရှိဘဲ ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

KNDF သတင်းနှင့်ပြန်ကြားရေးဌာန


Karenni Nationalities Defense Force-KNDF

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် Reviewed by THITHTOOLWIN on 23:08 Rating: 5

No comments:

Powered by Blogger.