အရာတော်မြို့နယ်ရှိ အမှတ်(၁၀)တပ်တွင်းသို့ လက်နက်ကြီး ​လေးလုံးဖြင့်တိုက်ခံရ

(သ​ပြေညို​​ပြောက်ကြားတပ်သားများကို ​တွေ့ရစဥ်)

အရောတော်မြို့နယ်ရှိ အမှတ်(၁၀)အ​ခြေခံ စစ်လေ့ကျင့်ရေးတပ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အရာတော်အခြေစိုက် သ​ပြေညို​ပြောက်ကြားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၂)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခန့်တွင် စခတ(၁၀)လေ့ကျင့်ရေးတပ်အတွင်းသို့ အဝေးပစ်လက်နက်ကြီး ​လေးလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"ထိုတပ်ထဲတွင် အရာရှိဟောင်းများ, ပျူစောထီးများ ရဲနှင့်စစ်သားမယားများအား သင်းတန်းပေးလျှက်ရှိကြောင်းသိရသဖြင့် ယခုလို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်"ဟု သပြေညိုပျောက်ကျားတပ်ဖွဲ့က ပြော သည်။

ဒေသကာကွယ်ရေးတပ်များ ရောက်ရှိချိန်တွင် စစ်ကောင်စီတပ်များက အသံချဲ့စက်ဖြင့် ပဋ္ဌာန်းတရားများဖွင့်ကာ အကြောက်ကြီးနေကြသဖြင့် တရားဆုံး‌သည်ထိ‌ စောင့်ဆိုင်းပြီးမသာ ပစ်ခတ်ခဲ့ရကြောင်း သပြေညိုတပ်ဖွဲ့က ဆိုသည်။ 

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အော်ဟစ်ဆူညံသံများကြားရပြီးနောက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ပေ။

အထက်ပါ စစ်ဆင်ရေးကို သပြေညို ပြောက်ကြားတပ်ဖွဲ့၊  Ayadaw   BoneNaing-PDF(A.B.N.PDF)တို့မှ ဦးဆောင်၍ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE)တို့မှ  ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။


People's Spring 

အရာတော်မြို့နယ်ရှိ အမှတ်(၁၀)တပ်တွင်းသို့ လက်နက်ကြီး ​လေးလုံးဖြင့်တိုက်ခံရ အရာတော်မြို့နယ်ရှိ အမှတ်(၁၀)တပ်တွင်းသို့ လက်နက်ကြီး ​လေးလုံးဖြင့်တိုက်ခံရ Reviewed by THITHTOOLWIN on 19:11 Rating: 5

No comments:

Powered by Blogger.