ထီးချိုင့်မြို့နယ် မရသိမ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အချင်းချင်း ဗုံးမှားကျဲမိ၍ စကစတပ်သား (၂၀) ခန့်သေဆုံး
Photo - အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်များ |
ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိူင့်မြို့နယ် မရသိမ်ရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်မှ အချင်းချင်းဗုံးမှားကျဲမိ၍ စစ်ကောင်စီတပ်သား (၂၀) ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မနက် ၉ နာရီခွဲမှစတင်၍ ထီးချိုင့်မြို့နယ် တောမရွာ၊ မရသိမ်ရွာ၊ မင်းဝံတောင်ခြေတန်းဖက်အား PDF များ အထိုင်ချနေသည်ဟု သတင်းရ၍ တိုက်လေယာဉ် (၃) စီးဖြင့် တစ်ကြိမ်လျှင် ဗုံးသီး (၁၀) လုံးခန့်ဖြင့် (၈) ကြိမ်တိတိ ဗုံးကျဲချသွားကြောင်း ဒေသခံသတင်းရင်းမြစ်မှ သိရသည်။
သို့သော် စစ်ကောင်စီတပ်က ဗုံးကျဲခဲ့သောနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များရှိမနေဘဲ ပြည်သူများလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းပြီးဖြစ်ရာ စစ်ကောင်စီတပ်များသာကျန်ခဲ့၍ အချင်းချင်းမှားယွင်း ဗုံးကျဲမိခြင်းဖြစ်ပြီး စကစတပ်သား (၂၀) ခန့်သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှသိရသည်။
PDF Newsflash
ထီးချိုင့်မြို့နယ် မရသိမ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အချင်းချင်း ဗုံးမှားကျဲမိ၍ စကစတပ်သား (၂၀) ခန့်သေဆုံး
Reviewed by THITHTOOLWIN
on
19:19
Rating:
No comments:
Post a Comment