သထုံမြို့နယ်က စစ်ကောင်စီပိုင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရ

ဓာတ်ပုံ - ဖောက်ခွဲခံရလို့ ပေါက်ကွဲခဲ့တဲ့ဓာတ်ငွေ့ပိုက်လိုင်းရုပ်သံဖိုင် screenshot။

ဇန်နဝါရီလ ၂၁ ရက်နေ့ ၊ ၂၀၂၂

မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းအနောက်ဖက်ခြမ်းတွင် ယမန်နေ့မနက်၂နာရီခန့်အချိန်တွင် KNLA တပ်ရင်း၂ ပူးပေါင်းတပ်ဖွဲ့တို့ ထိုင်းနိုင်ငံသို့သွယ်တန်းထားတဲ့စစ်ကောင်စီပိုင်ဓါတ်ငွေ့ပိုက်လိုင်းတစ်ခုကိုဖောက်ခွဲဖျက်စီးလိုက်တယ်လို့ KNLA တပ်ရင်း၂ တပ်မှူးတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင်မှာလည်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ ကျိုက္ကော် ဘုရားကြီး ပဲခူးစုမှာ  ကင်းလှည့်နေတဲ့စစ်ကောင်စီကားတစ်စီးကို  ဆိုင်ကယ်ဖြင့်စီးနင်းလာတဲ့ KNLA တပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ အဆိုပါတပ်မှူးကပြောပါတယ်။ စစ်ကောင်စီတပ်စီးနှင်းလာသည့် Mark II အမျိုးအစား စစ်ရောင်ကားတစ်စီးလည်းပျက်စီးသွားတယ်လို့သူကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို ရဲတပ်ဖွဲ့ဖက်မှလိုက်လာပြီး စစ်ကောင်စီဖက်မှမှားပစ်လိုက်တာကြောင့်ရဲတပ်ဖွဲ့ဝင်တစ်ဉီးသေဆုံးသွားတယ်လို့ပြောပါတယ်။

KNLA ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့ပြီး သေနတ်တစ်လက်ပါဆုံးရှုံးလိုက်ရတယ်လို့ တပ်မှူးကပြောပါတယ်။


Salween Press

သထုံမြို့နယ်က စစ်ကောင်စီပိုင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရ သထုံမြို့နယ်က စစ်ကောင်စီပိုင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.