စစ်ကိုင်းမြို့ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် အပါအဝင် အမြောက်တပ်၊ ခမရ(၁၃)တပ်များတွင် ပစ်ခတ်သံများ ထွက်ပေါ်

လမ်းပေါ်က ပစ်ခတ်သွားခြင်းဖြစ်မည်ဟု ဒေသခံများ ယူဆပြီး စစ်အုပ်စုက စစ်ကိုင်းမြို့တွင်း သောင်းကျန်းနေ၊

MFP ၊ ဇန်နဝါရီ - ၁၁

စစ်ကိုင်းမြို့ရှိ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် အပါအဝင် စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်ရှိ အမြောက်တပ်နှင့် ခမရ(၁၃)တပ်များတွင် ယနေ့ ည(၇)နာရီဝန်းကျင်က ပစ်ခတ်သံများ တလစပ် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။

“မီးပျက်နေတုန်း လမ်းပေါ်ကနေ တပ်ဂိတ်တွေကို ပစ်သွားတဲ့သဘောပဲ။ ပစ်သံခတ်သံတွေက ၁၀ မိနစ်လောက်ကြာတယ်။ တပ်မ ၃၃ ကနေ တောက်လျှောက် ဘက်စုံခြံဘက်ကလည်း ကြားရတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

အတွဲလိုက် ပစ်ခတ်သံများ ဆူညံစွာ ကြားရကြောင်းနှင့် အသေးစိတ် အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ပစ်ခတ်သံများ ကြားရပြီးနောက် စကစများ တပ်တွင်းမှ ထွက်လာကာ စစ်ကိုင်းမြို့ပေါ် သောင်းကျန်းနေသည်ဟု ဒေသခံများက ဆိုသည်။

“အခုတော့ မြို့ပေါ် ဒီကောင်တွေက ခြောက်လှန့်ပစ်ခတ်နေတယ်။ တမြိုကလုံး အနှံ့ပဲ အသ့တွေကတော့ ကြားနေရတယ်” ဟု မြိုကခံတစ်ဦးက MFP သို့ ပြောသည်။

တပ်မ(၃၃)အပါအဝင် စကစ တပ်များ တည်ရှိရာ နေရာသည် လူသွားလူလာ များပြားစည်ကားသော စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်တွင် ဖြစ်ပြီး စကစများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိသည်ဟု သတင်းထွက်လာသော်လည်း အတည်မပြုနိုင်သေးဟု ဒေသခံများက ဆိုသည်။

Mandalay Free Press - MFP

စစ်ကိုင်းမြို့ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် အပါအဝင် အမြောက်တပ်၊ ခမရ(၁၃)တပ်များတွင် ပစ်ခတ်သံများ ထွက်ပေါ် စစ်ကိုင်းမြို့ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် အပါအဝင် အမြောက်တပ်၊ ခမရ(၁၃)တပ်များတွင် ပစ်ခတ်သံများ ထွက်ပေါ် Reviewed by THITHTOOLWIN on 06:00 Rating: 5

No comments:

Powered by Blogger.