(ရေကြည်)၊ ဇန်နဝါရီ ၁၇ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ သတင်းပေး (ဒလန်)ဟု နာမည်ကြီးသူ ဆန်းတင့်ဆိုသူ သေနက်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
ယနေ့ မနက် ၁၀ နာရီခန့်က ၎င်းနေထိုင်ရာ ကျေးရွာမှ ရေကြည်မြို့သို့ သွားရာလမ်းတစ်နေရာတွင် အမည်မသိသေနတ်သမားက သေနတ်ဖြင့် ၂ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်အား ကျည်ထိမှန်ခဲ့သော်လည်း အသက်သေဆုံးခြင်းမရှိခဲ့ကြောင်း ရေကြည်မြို့ခံတစ်ဦးထံမှ သိရသည်။
"မနက် ၁၀ နာရီလောက်က ဖြစ်တာ။ သေနတ်နဲ့နှစ်ချက်ပစ်တယ်လက်ကိုထိသွားတယ်ပြောတယ်။ သူကခြုံထဲဝင်ပြေးသွားတော့မသေဘူးလွတ်သွားတယ်။ သေနတ်သမားလည်းထွတ်ပြေးသွားတယ်"ဟု ရေကြည်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်းကိုပြောသည်။
သေနတ်အပစ်ခံရသည့် ဆန်းတင့်ဆိုသူမှာ ကြံ့ခိုင်ရေးပါတီအတွင်းရေးမှုးသတင်းနှင့်ပြန်ကြားရေးတာဝန်ယူထားသူဖြစ်ပြီး မှုခင်းသတင်းထောက်အဖြစ်လုပ်ကိုင်နေသူဖြစ်သည်ဟု ရေကြည်မြို့ခံများက ဆိုသည်။
၎င်းမှာ ဒေသတွင်းတော်လှန်ရေးအဖွဲများက ထုတ်ပြန်သည့် ရေကြည်မြို့နယ်ဒလန်စာရင်းတွင်ပါဝင်သူဖြစ်ပြီး ၎င်းသတင်းပေးမှုကြောင့်အဖမ်းခံရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment