ရေဦးမြို့၊အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၏ နေအိမ် စစ်ကောင်တပ်မှ နိုင်ငံ‌တော်ပိုင်အဖြစ်သိမ်း


January 27,2022 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက် ၇လမ်းနှင့်၈လမ်းကြားရှိ အောင်ဆုမွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ဆရာဦးကျော်ဝင်းအား စစ်‌ကောင်စီတပ်မှ ဖမ်းဆီးသွားပြီးနောက် ယနေ့တွင် နေအိမ်ပါ ချိတ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ်သိမ်းယူသည့် စာသားလာကပ်သွားကြောင်း ဒေသခံများမှ သိရသည်။

"ဒီနေ့အဲအိမ်ကို ချိတ်လာပိတ်သွားပြီ သိမ်းပြီဆိုတဲ့သဘောပေါ့ ဘယ်သူမှနေခွင့်မရှိတော့ဘူး ပြီးတော့ ဆရာကျော်ဝင်းကိုလည်း စစ်ကြော‌ရေးပို့လိုက်ပြီလို့ သိရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းအောင်ဆုမွန်ကိုယ်ပိုင်အထက်တန်းအ‌ဆာင်ပိုင်ရှင် ဆရာကျော်ဝင်းအား ဇန်နဝါရီလ ၁၁ရက်နေ့ ၎င်း၏ နေအိမ်မှ စစ်ကောင်စီတပ်သား အင်အား ၂၀ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိ ရွှေဘိုစစ်ကြောရေးသို့ ပို့ဆောင်ခံထားရကြောင်း သိရသည်။

" စစ်ကြောရေးကို ပို့လိုက်တာကဘဲ ကြားရတယ် အခြေနေအသေးစိတ်မသိရသေးဘူး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရဘူးလို့ သိရတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ဖမ်းဆီးခံသွားရသည့် ဆရာကျော်ဝင်းသည်၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)မဲဆန္ဒနယ်မြေ ၊ ဦးမြင့်ထွေး၏ ရွေးကောက်ပွဲကိုယ်စာလှယ်အဖြစ်ထမ်းဆောင်ဖူးသူဖြစ်ပြီး  လက်ရှိတွင် ရေဦးမြို့ ပရဟိတလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူတဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်းသည် အာဏာသိမ်းပြီးနောက် ဩဂုတ်လခန့်မှစကာ ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့  စစ်ရေးအရှိန်ပိုမိုမြင့်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နေ့စဉ်သတ်ဖြတ်ခံရမူ၊ ဖမ်းဆီးခံရမူ ရှိနေဆဲဖြစ်သည်။


Kachin News Group 

ရေဦးမြို့၊အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၏ နေအိမ် စစ်ကောင်တပ်မှ နိုင်ငံ‌တော်ပိုင်အဖြစ်သိမ်း ရေဦးမြို့၊အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၏ နေအိမ် စစ်ကောင်တပ်မှ နိုင်ငံ‌တော်ပိုင်အဖြစ်သိမ်း Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.