မုံရွာမြို့နယ်တွင် စစ်ကောင်စီသတင်းပေး နာမည်ကြီး(ဒလန်)ဘိုမင်း အသတ်ခံရ


ဇန်နဝါရီ ၁၅ ရက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ဘုဘ​ကျေးရွာတွင် စစ်ကောင်စီသတင်းပေး ဘိုမင်း ဆိုသူကိုဇန်နဝါရီလ ၁၄ ရက်နေ့ တွင် အသတ်ခံလိုက်ရကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ကြေညာသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီသတင်းပေး ဘိုမင်းကို ကျောင်းစုရွာ အနီးက သဖန်းပင်အောက်တွင်အသတ်ခံရကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ဆိုသည်။

စစ်ကောင်စီသတင်းပေး ဘိုမင်း ကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ သတ်ဖြတ်ခဲ့ကြောင်း လတ်တလောအခြေအနေအရ မသိရှ်ိသေးကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ကြေညာထားသည်။


Ayeyarwaddy Times 

မုံရွာမြို့နယ်တွင် စစ်ကောင်စီသတင်းပေး နာမည်ကြီး(ဒလန်)ဘိုမင်း အသတ်ခံရ မုံရွာမြို့နယ်တွင် စစ်ကောင်စီသတင်းပေး နာမည်ကြီး(ဒလန်)ဘိုမင်း အသတ်ခံရ Reviewed by THITHTOOLWIN on 19:19 Rating: 5

No comments:

Powered by Blogger.