ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း ကိုက် ၃၀၀ အတွင်းနေအိမ်များဖယ်ရှားခိုင်းပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထား


ဇန်နဝါရီ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်လက်ပံတောင်း တောင်ဒေသ အနီး ညောင်ပင်ကြီးရွာ ရဲစခန်းတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်းတဝိုက် ကိုက် ၃၀၀ အတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ ညောင်ပင်ကြီး ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများတပ်စွဲထားခြင်းဖြစ်ပြီး  ဇန် နဝါရီလ၂ ရက်နေ့တွင် ဆားလင်းကြီး Local GZ PDF က တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါရဲစခန်းအနီး ကိုက် ၃၀၀ အတွင်းရှိနေအိမ်များကိုပါဖယ်ရှားခိုင်းခဲ့ကာ အသွားအလာတားဆီး ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ၄င်းဧရိယာအတွင်းဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟုပြောဆိုထားကြောင်း သိရသည်။

''အရင်တခါ ပစ်ခံရပြီးထဲက တပ်က ခုလိုညောင်ပင်ကြီးရဲစခန်းရဲ့ ကိုက်၃၀၀အတွင်းက နေအိမ်တွေကိုဖယ်ခိုင်းတယ်။ သူတို့သတ်မှတ်ထားတဲ့နေရာထဲကို သွားလာနေထိုင်ခွင့်မပြုဘူး။ ဝင်ရောက်လာရင် ပစ် ခတ်မယ်လို့ ကြေငြာတော့ အားလုံးဒုက္ခ ရောက်ကြပြီးပြောင်းပေးရတယ်။'' ဟု  ညောင်ပင်ကြီးရဲစခန်းအနီးနေထိုင်ခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

 အဆိုပါရဲစခန်းပစ်ခတ်ခံရပြီးနောက် အနီးအနားရှိကျေးရွာများမှ ဒေသခံပြ ည်သူများကို စစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံကသိရသည်။


Ayeyarwaddy Times

ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း ကိုက် ၃၀၀ အတွင်းနေအိမ်များဖယ်ရှားခိုင်းပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထား ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်း ကိုက် ၃၀၀ အတွင်းနေအိမ်များဖယ်ရှားခိုင်းပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထား Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.