သထုံမြို့နယ်မှာ ရှေ့တန်းထွက်သည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၇ ဦးသေ၊ ၄ ဦးဒဏ်ရာရ

ဓာတ်ပုံ - KNU နယ်မြေထဲ ရှေ့တန်းထွက်သည့်စစ်ကောင်စီကားတချို့ကိုတွေ့ရစဉ်။ (Photo: Saw Welkoe / Facebook) 

ဇန်နဝါရီလ ၂၅ ရက်နေ့ ၊ ၂၀၂၂

မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်နှင့်ဘိုခမ်းကွင်းကြား ယမန်နေ့  ၂၄ ရက်နေ့ည ၁၂ နာရီ ၅၀ အချိန်တွင် ကျိုက်ထိုဖက်မှလာသော စစ်ကောင်စီယာဉ်တန်းကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃ ပူးပေါင်းတပ်ဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်တာကြောင့်စစ်ကောင်စီဖက်မှ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မှူးတစ်ဦးက ပြောပါတယ်။ 

"တိုက်ခိုက်ခံရသည့်စစ်ယာဉ်တန်းမှာ ကား ၁၇ စီးပါတယ်။ အင်အားအပြည့်ဘဲ။ ကျိုက်ထိုဖက်ကလာတာ။ တပ်မဟာ ၆ ကိုသွားမယ်လို့ပြောတယ်" လို့ အဆိုပါတပ်မှူးကပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းမှာ ကားတစ်စီးလည်းပျက်စီးခဲ့တယ်လို့ အထက်ပါတပ်မှူးကပြောပါတယ်။


Salween Press

သထုံမြို့နယ်မှာ ရှေ့တန်းထွက်သည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၇ ဦးသေ၊ ၄ ဦးဒဏ်ရာရ သထုံမြို့နယ်မှာ ရှေ့တန်းထွက်သည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၇ ဦးသေ၊ ၄ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.