တာချီလိတ် မြို့မရဲစခန်း ဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ပုံစာ- ဗုံးပေါက်ကွဲမှုကြောင့် ထိမှန်ပျက်စီးသွားသည့် အဆောက်အဦး  Photo by Shan East News Agency

သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၁၄

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်းအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၄)ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မနက် (၁၁)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်း အနောက်ဘက် ဝန်ထမ်းအိမ်ယာ အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

“မန်ကောင်းဘက်က ရဲစခန်းနား ဗုံးပေါက်တယ်လို့တော့ ကြားတယ်။ ခုနက မြေတောင်တုန်တယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ ရှိ မရှိတော့ မသိရဘူး” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့တွင်း စစ်ကောင်စီတပ်ဖွဲ့များ ညတိုင်းနီးပါး ကားများဖြင့် လှည့်လည် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်း ပေါက်ကွဲမှုများလည်း မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို မသိရှိရသေးပေ။

“ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘာမှ မသိရသေးဘူး။ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိရှိရသေးဘူး။ ပေါက်ကွဲမှု ဖြစ်တိုင်း ရဲစခန်းတွေ လဝကတွေနား ဖြစ်တာများတယ်။ သူတို့ကို သဘောမတွေ့တဲ့ သူတွေပဲ ထင်တယ်” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၀)ရက်နေ့တွင်လည်း တာချီလိတ် လဝကရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုနေ့တွင် တာချီလိတ်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများအနေဖြင့် လမ်းသွားလမ်းလာရာတွင် သတိထား သွားလာကြရန်အတွက် ထုတ်ပြန်ကြေညာခဲ့သည်။

SHAN News (Burmese Version) 

တာချီလိတ် မြို့မရဲစခန်း ဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား တာချီလိတ် မြို့မရဲစခန်း ဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:08 Rating: 5

No comments:

Powered by Blogger.