ဇန်နဝါရီ - ၅
စဉ့်ကုးဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ၏ ကားများကို ဇန်နဝါရီ(၄)ရက် မနက်ပိုင်းက မတ္တရာမြို့နယ်အတွင်း မိုင်းနှစ်လုံးခွဲ၍ တိုက်ခိုက်ခဲ့ရာ စကစ (၁၃)ဦး ထိခိုက်မှုရှိကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပ.က.ဖ မတ္တရာက အတည်ပြုသည်။
"အင်အား(၁၅)ဦးလိုက်ပါတဲ့ စကစကားမှာ နှစ်ဦးပဲ ပြန်ထိုင်လိုက်နိုင်တာကို တွေ့ရပါတယ်။ (၁၃)ဦး ထိမယ်လို့ ခန့်မှန်းရပြီး အကျအဆုံး စာရင်းကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး" ဟု ပ.က.ဖ မတ္တရာက MFP သို့ ပြောသည်။
ဗန်းမော် - ထီးချိုင့် - မန္တလေး လမ်းအတိုင်း အထက်ပိုင်းမှ ဆင်းလာသော စကစကားများကို စဉ့်ကူးမြို့နယ် ပတ်လည်အင်းရွာနှင့် ပဲလှော်ဖိုရွာကြားတွင် ပ.က.ဖ မတ္တရာက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီ၏ ကားအစီး (၂၀)ကျော်သည် ဗန်းမော် - မန္တလေး ဗျူဟာလမ်းအတိုင်း မန္တလေးဘက်သို့ ဆင်းလာရာ ဒေသကာကွယ်ရေးတပ်များက လမ်းတလျှောက် စောင့်ကြိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment