ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေယာဥ် ၂ စီးဖြင့် ကျေးရွာများဘက်သို့ ဗုံးကြဲ တိုက်ခိုက်

ကရင်ပြည်နယ် ကေ့ကရိတ်မြို့နယ်တွင်  အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်း၌ ကျေးရွာများဘက်သို့ ရဟတ်ဖြင့် ၂ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ကော့ကရိတ်မြို့နယ် ကမိုင်းကုန်းရွာဘက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ  ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက်  လူနေအိမ် ၂လုံးမီးလောင်သွားကြောင်းသိရသည်။

"အိမ်မီးလောင်တာက နှစ်အိမ်လို့သိရတယ်ဗျ ။မီးကတော့ သတ်မယ့်သူမရှိဘူး ။ ကျွန်တော်တို့လည်း ကျင်းပုန်းထဲမှာ နေနေရတယ် အပြင်ထွက်လို့မရဲဘူး " ဟု ဒေသခံတစ်ဦးက နေလည် ၂နာရီ ခွဲခန့်တွင် ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်အတွင်းသို့ ဝေဟင်မှ ဗုံးကြဲခြင်း နှင့် စက်သေနတ်များဖြင့် ပစ်ခက်တိုက်ခြင်းကို နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ အချိန်နာရီဝက်ခန့်အကြာ တိုက်ခိုက်သွားခဲ့သည်ဟု သိရသည်။ 

ကရင်ပြည်နယ် ကော့ရိတ်မြို့နယ် အံကလော်မြို့ဟောင်း တဝိုက်၌ အကြမ်းဖက် စစ်ကောင်စီတပ်များ ပိတ်မိနေသည့်အတွက် ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ကူ ပေး ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ 

" ကော့ကရိတ်မြို့တောင်ဘက် အံကလော်၊ မြို့ဟောင်း ဝန်းကျင်မှာ  ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ စခတွေကို ပြန်ဆွဲထုတ်နိုင်ဖို့  ရဟတ်ယာဥ် ၂ စီး နဲ့ ပစ်ကူ လာရောက်တိုက်ခိုက်နေတာ။ ကော့ကရိတ်အထိုင်တပ် ခလရ ၉၇ ကလည်း မနက်ကတည်းက လက်နက်ကြီးပစ်ကူပေးနေတယ်"ဟု ဒေသခံသတင်းအရင်းမြစ်တစ်ဦးက သံလွင်ခက်ကို ပြောသည်။

လက်ရှိတွင် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုပြန်လည် ငြိမ်သက်သွားသော်လည်း ကော့ကရိတ် ခလရ ၉၇ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ညနေ ၃ နာရီ အချိန်တွင် ပြောသည်။

ကော့ကရိတ်တွင် ဇန်နဝါရီလ ၇ရက် မှစ၍ အကြမ်းဖက်စစ်ကောင်စတပ်နှင့် ဒေသခံပူးပေါင်းတပ်များ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်တ်နေခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ယမ်းသမ်းပစ်ခတ်မှုကြောင့် ယခုရက်ပိုင်းအတွင်း၌ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိသည့်အပြင်  ဒဏ်ရာရရှိသူများလည်း ၁၀ ဦးကျော်အထိရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

သံလွင်ခက် - Than Lwin Khet News

ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေယာဥ် ၂ စီးဖြင့် ကျေးရွာများဘက်သို့ ဗုံးကြဲ တိုက်ခိုက် ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေယာဥ် ၂ စီးဖြင့် ကျေးရွာများဘက်သို့ ဗုံးကြဲ တိုက်ခိုက် Reviewed by THITHTOOLWIN on 18:07 Rating: 5

No comments:

Powered by Blogger.