ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသလို ဆီပြတ်လပ်မှုအချို့ကြုံတွေ့နေရ


( ဇန်နဝါရီလ ၂၃ ရက် )

မြန်မာနိုင်ငံတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စက်သုံးဆီဈေးအဆမတန် မြင့်တက်နေပြီး စက်သုံးဆီပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ စက်သုံးဆီအရောင်းဆိုင်ကြီးများထံမှ သိရပါတယ်။

" လက်ရှိ ယခုလလည်လောက်ကစမယ်ဗျ ဓာတ်ဆီကတော့ အခုထိတော့ဘာမှမဖြစ်သေးဘူး အဓိက ဒီဇယ်ပေါ့ ပရီမီယံဒီဇယ်ကော ရိုးရိုးဒီဇယ်ကောပေါ့ ရန်ကုန် သီလဝါဆိပ်ကမ်းမှာကိုက ထုတ်ယူရရှိမှုနည်းသွားတယ် ကျွန်တော်ချိတ်ဆက်မိသလောက်ဆို ဆိုင်အများစုမှာအဲ့ပြသနာဖြစ်ပေါ်နေတာပေါ့ ဆီကိုခွဲတမ်းနဲ့ပဲရောင်းချနေရတယ် အချို့ဆိုင်တွေဆို ဒီဇယ်ရောင်းချမှုရပ်ဆိုင်းထားရတာတွေပါရှိတယ် ကျွန်တော်တို့ဆီမှာ ဒီနေ့နဲ့ဆို (၃)ရက်ရှိပြီး ဒီဇယ်ရောင်းချမှုရပ်ထားရတာ အဆင့်မြင့်ဒီဇယ်တော့ ရန်ဖန်ရန်ခါရနေသေးတယ် ရိုးရိုးဒီဇယ်ကတော့ ပြတ်နေပြီလို့ " အမည်မဖော်လိုသော စက်သုံးဆီအရောင်း ကုမ္ပဏီတစ်ခုက ဆိုပါတယ်။

အဆိုစက်သုံးဆီပြတ်တောက်မှုနဲ့ပတ်သတ်ပြီး စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီပြတ်လပ်မှု လုံးဝမရှိဖူးလို့တော့ ယခုလိုမဖြစ်ခင်ကာလက ပြောကြားခဲ့ဖူးပါတယ်။

ဒါပြင်လက်တလော (၃)ရက်တာကာလအတွင်း ရန်ကုန် စက်သုံးဆီဈေးတွေဟာ Oct (95) တစ်လီတာကို 1595 ကျပ်၊ Oct (92) တစ်လီတာကို 1545 ကျပ်နဲ့ငြိမ်နေပြီး ပရီမီယံဒီဇယ် တစ်လီတာကို 1580 ကျပ် ၊ ရိုးရိုးဒီဇယ် တစ်လီတာကို 1570ကျပ် တို့ဖြစ်တယ်လို့သိရပါသည်။


HTY Information

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသလို ဆီပြတ်လပ်မှုအချို့ကြုံတွေ့နေရ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသလို ဆီပြတ်လပ်မှုအချို့ကြုံတွေ့နေရ Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.