လေးကေ့ကော်တွင် ယနေ့ လွတ်လပ်ရေးရေးနေ့ နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့၌ နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

လေးကေ့ကော်မြို့သစ်အတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ နံနက် ၄ နာရီကျော်ကျော်အချိန်ကတည်းက တိုက်ပွဲဖြစ်နေခဲ့သည်ဟု ဒေသခံသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

" မနက်အစောကြီးထဲက ပစ်နေကြတာ ။ တော်တော်တော့ ကြာတယ်။ အခုတော့ ပစ်သံတွေ မကြားရတော့ဘူး "ဟု ဒေသခံတစ်ဦးက နံနက် ၇ နာရီခန့်တွင်ပြောသည်။ 

လေးကေ့ကော် အုပ်ချုပ်ရေးမှူးရုံးတွင်း နှင့် စာသင်ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပူးပေါင်းတပ်များ ယမန်နေ့ ညနေပိုင်းကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့ပြင် လေးကေ့ကော်အနီး ဖလူးကြီးရွာ၌လည်း ယမန်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် စစ်ဘေးရှောင် ၁၀၀၀ ခန့် သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်နိုင်ငံဘက်ခြမ်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

သံလွင်ခက် - Than Lwin Khet News

လေးကေ့ကော်တွင် ယနေ့ လွတ်လပ်ရေးရေးနေ့ နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွား လေးကေ့ကော်တွင် ယနေ့ လွတ်လပ်ရေးရေးနေ့ နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 08:58 Rating: 5

No comments:

Powered by Blogger.