တန့်ဆည်နယ်တွင် အင်အား(၃၀)ခန့်ရှိ စကစနှင့် ပျူ ပူးပေါင်းအုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ စကစ ငါးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊


ဇန်နဝါရီ - ၁၈

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သဲစားကျေးရွာ အရှေ့ဘက် ဆည်ဘောင်အနီးတွင် ယနေ့ ညနေပိုင်းက အင်အား(၃၀)ခန့် ရှိသော စကစနှင့် ပျူများ ပူးပေါင်းအုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ ငါးဦး သေကြာင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၁၈)ရက် ညနေ(၃)နာရီဝန်းကျင်က စကစနှင့် ပျူ ပူးပေါင်းအုပ်စုကို  တန့်ဆည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF တပ်ရင်း(၁၀)နှင့် တန့်ဆည်ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ Local PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စကစ ငါးဦး သေပြီး တန့်ဆည် PDF တပ်ရင်း(၁၀)မှ တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံးသည်ဟု တန့်ဆည် ပ.က.ဖ က ဆိုသည်။

"ထိုခွေးနှင့်ပျူများ အလောင်းကောက်ရန် ကြိုးစားနေချိန် မိမိတို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ PDF တပ်ရင်း (၁၀) နှင့် မဟာမိတ်အဖွဲ့တို့ စုပေါင်း၍ ပြောက်ကျားစစ် ဆင်နွှဲရန် ကြိုးစားခဲ့သော်လည်း စစ်ခွေးနှင့် ပျူများမှာ နောက်ပြန်ဆုတ်သွားသောကြောင့် ရင်ဆိုင်တိုက်ပွဲ မဖြစ်ပွားခဲ့ပါ" ဟု တန့်ဆည် ပ.က.ဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျဆုံးခဲ့သည့် တန့်ဆည် PDF တပ်ရင်း (၁၀)မှ တော်လှန်ရေး ရဲဘော်အား ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းသည် တန့်ဆည်စွန်ရဲက ဆိုသည်။

“သဲစားရွာ အရှေ့ဘက်အနီး တန့်ဆည်မြို့နယ် တပ်ရင်း ၁၀ မှ စခ + ပျူ ၃၀ ခန့်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့။ ၄င်းတိုက်ပွဲတွင် စခ + ပျူ ငါးကောင် သေဆုံး။ တန့်ဆည်မြို့နယ် တပ်ရင်း ၁၀ မှ သူရဲကောင်း တစ်ဦး ဆုံးရှုံး ခဲ့ရပြီး  မြို့နယ် ပကဖ ၏ စစ်အကူအညီဖြင့် တပ်ရင်း  ၁၀ မှ ရဲဘော်များ ပြန်လည်ဆုတ်ခွာလာခဲ့ရ” ဟု တန့်ဆည်စွန်ရဲက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

စကစနှင့် ပျူ ပူးပေါင်းအဖွဲ့များသည် တန့်ဆည်မြို့နယ်အတွင်း ထိုးစစ်ဆင်နေသလို ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

တန့်ဆည်နယ်တွင် အင်အား(၃၀)ခန့်ရှိ စကစနှင့် ပျူ ပူးပေါင်းအုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ စကစ ငါးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊ တန့်ဆည်နယ်တွင် အင်အား(၃၀)ခန့်ရှိ စကစနှင့် ပျူ ပူးပေါင်းအုပ်စုကို  မိုင်းဆွဲတိုက်ခိုက်၊ စကစ ငါးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.