ကော့သောင်းမြို့နယ်တွင် ခြေတဖက်ပြတ် စစ်မှုထမ်း ဟောင်း သတင်းပေး (ဒလန်)အား ၎င်း၏သားမက်ဖြစ်သူက ဓားဖြင့်ခုတ်သတ်

(ကော့သောင်း)၊ ဇန်နဝါရီ ၂၃ ရက်

တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်၊ခမောင်ကြီးမြို့၊အောင်ချမ်းသာကျေးရွာနေ စစ်ကောင်စီသတင်းပေး စိန်သောင်းကို ၎င်း၏သားမက်ဖြစ်သူက လည်ပင်းကို ဓားဖြင့်ခုတ်သတ်ပြီး ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံများထံက သိရသည်။

" စိန်သောင်းဆိုသူက စစ်ကောင်စီသတင်းပေး(ဒလန်)။ စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ်တယ်။ ခြေ ထောက်တစ်ဖက်ဖြတ်ထားရတာတောင် အတော်မွှေ နှောက်တဲ့သူ ဒေသကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းဖို့ စာရင်းထည့်ထားသူလဲဖြစ်တယ်။ သူလည်း (ဒလန်) အ ကြီးစားပဲ အခု သူ့သားမက်က ရှင်းပြစ်လိုက်တယ်။မိ သားစုကိစ္စတွေလည်း ရှိတယ်လို့သိရတယ်။ "ဟု ခ မောက်ကြီးမြို့ ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြော သည်။

စစ်ကောင်စီသတင်းပေး စစ်မှုထမ်းဟောင်းတဦးဖြစ်သူ စိန်သောင်းဆိုသူကို ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ညနေ ၅နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ၎င်း၏သားမက်ဖြစ် ကိုမောင်ကို(ခ)ကိုရခိုင် ကလည်ပင်းကို ဓားဖြင့်ခုတ်သတ်ပြီး ၎င်းတို့မိသားစုအတွင်းအရှုပ်အရှင်းများကြောင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ (ဒလန်) စစ်မှုထမ်းဟောင်းစိန်သောင်းသည် စစ်ကောင်စီသတင်းပေးဖြစ်ပြီးဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ရှင်းလင်းသုတ်သင်ရန် စာရင်းထည့်ခံထားရသူတစ်ဦးလည်းဖြစ်သည်။

စစ်မှုထမ်းဟောင်း စစ်တပ်သတင်းပေး စိန်သောင်း အ သတ်ခံရပြီးနောက် ၄င်း၏သမက်ဖြစ်သူ ကိုမောင်ကို (ခ)ရခိုင် မှ ထွက်ပြေးခြင်းမပြုဘဲ ရဲစခန်းရှေ့တွင် သွား ရောက်အဖမ်းခံခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူ များထံက သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း တစ်ရွာတည်းနေ စစ်ကောင်စီသတင်းပေးပြည်သူ့စစ် သိန်းလှိုင်(ခ)မွန်ကြီး သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့​ပြီး ယခုလ ၁၀ ရက်အ တွင်း အောင်ချမ်းသာကျေးရွာတွင် စစ်ကောင်စီသတင်း ပေး(၂)ဦးသေဆုံးကြောင်းဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times 

ကော့သောင်းမြို့နယ်တွင် ခြေတဖက်ပြတ် စစ်မှုထမ်း ဟောင်း သတင်းပေး (ဒလန်)အား ၎င်း၏သားမက်ဖြစ်သူက ဓားဖြင့်ခုတ်သတ် ကော့သောင်းမြို့နယ်တွင်  ခြေတဖက်ပြတ် စစ်မှုထမ်း ဟောင်း သတင်းပေး (ဒလန်)အား ၎င်း၏သားမက်ဖြစ်သူက ဓားဖြင့်ခုတ်သတ် Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.