လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေဆုံး


ဇန်နဝါရီ ၅၊ ၂၀၂၂။ ဒူးပလာယာ

ယမန်နေ့ နံနက် (၄)နာရီခွဲအချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ- ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း (၂၇)တို့ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ လေးကေးကော် ရက်ကွက် (၃) တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊ 

တိုက်ပွဲဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်(၃) ထဲတွင် လက်နက်ကြီး အချက်(၃၀)ကျော်ခန့်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ 

ထိုတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦး ကျဆုံးခဲ့ပြီး၊ ဒေသခံပြည်သူများ၏ နေအိမ်တော်တော်များများ ထိမှန်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်​ကောင်စီတပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်များတွင်းသို့ ဝင်ရောက်မွှေနှောက်မှုများ ပြုလုပ်ကာ အိမ်အတွင်းရှိ စားစရာများ၊ တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

အလားတူ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင်လဲ မော်ထို့တလေးကျေးရွာမှ နေအိမ်အတွင်းရှိ ပစ္စည်းများအပြင် ဆိုင်ကယ်(၁၀)စီး အစရှိသည့်ပစ္စည်းများကို (၁၀)ဘီးကား ဖြင့် သိမ်းဆည်း ယူဆောင်သွားခဲ့​ကြောင်း သိရသည်။


ဒူးပလာယာခရိုင်

လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေဆုံး လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေဆုံး Reviewed by THITHTOOLWIN on 00:44 Rating: 5

No comments:

Powered by Blogger.