ဆားလင်းကြီးတွင် စကစကားကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စကစ (၇)ဦးသေဟုဆို

ဆားလင်းကြီး - ညောင်ပင်ကြီးလမ်းတွင် မိုင်းဆွခြံရပြီးနောက် စကစများ ကျန်ရစ်သည့် ဦးထုပ်များ/ Photo - Salingyi G-Z Local PDF

ဇန်နဝါရီ - ၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့၏ မြစ်တဖက်ကမ်း ဆားလင်းကြီးမြို့နယ်တွင် စကစများ လိုက်ပါလာသည့် ကားတစ်စီးကို  မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၇)ဦး သေကြောင်း ဆာလင်းကြီး G-Z ပြောက်ကျားတပ်ဖွဲ့  Salingyi G-Z Local PDF က သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၂၅)ရက် မနက်(၁၁)နာရီခွဲက ဆားလင်းကြီးမြို့နယ်အတွင်း ညောင်ပင်ကြီး - ဆားလင်းကြီး လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသော စကစကားကို မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော စစ်ခွေးများ လိုက်ပါလာသည့် ကားကြီးတစီးကို ကျွန်တော်တို့ S GZ L PDF ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေး(၇)ကောင် သေပြီး အများအပြား ထိခိုက်ဒါဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။ ကျွန်တော်တို့ ပြောက်ကျားတပ်ဖွဲ့ဝင်များ အနေဖြင့် ပြန်လည် ပစ်ခတ်နေသည့်ကြားမှ အထိခိုက်မရှိ အန္တရာယ်ကင်းစွာနဲ့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု ဆာလင်းကြီး G-Z ပြောက်ကျားတပ်ဖွဲ့ က ဖော်ပြသည်။

ထိုသို့ စကစ ကားကို မိုင်းအလုံး(၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် ကျပ်သိန်း(၂၀) ကုန်ကျခဲ့ကြောင်းနှင့် အများပြည်သူ အနေဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေး Salingyi G-Z Local PDF သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ယင်း ဆာလင်းကြီး G-Z ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ရက်ပိုင်းက ဆားလင်းကြီးနှင့် ယင်းမာပင်နယ်ရှိ ကျေးရွာများသို့ စီးနင်းဝင်ရောက် မွှေနှောက်သောင်းကျန်းကာ ဒေသခံ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် တန်ဘိုးကြီးပစ္စည်း ခိုးယူလုယက်ခြင်းများ ကျူးလွန်ခဲ့သည်။


Mandalay Free Press - MFP

ဆားလင်းကြီးတွင် စကစကားကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စကစ (၇)ဦးသေဟုဆို ဆားလင်းကြီးတွင် စကစကားကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စကစ (၇)ဦးသေဟုဆို Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.