မြိုင်မြို့နယ် မြို့ခင်းသာရွာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်(၄)လုံး နှင့် ဆိုင်ကယ်(၄)စီး မီးလောင်ပျက်စီး


မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်  နေအိမ် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က စပြီး မြို့ခင်းသာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် (၇)ကြိမ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက် မှုကြောင့် နေအိမ်တစ်လုံး အရင်ဆုံး မီးလောင် ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ရွာအတွင်း စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်စုစုပေါင်း (၄)လုံး ပျက်စီးခဲ့ရသလို ဆိုင်ကယ် (၄)စီးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ 


Tachileik News Agency 

မြိုင်မြို့နယ် မြို့ခင်းသာရွာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်(၄)လုံး နှင့် ဆိုင်ကယ်(၄)စီး မီးလောင်ပျက်စီး မြိုင်မြို့နယ် မြို့ခင်းသာရွာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်(၄)လုံး နှင့် ဆိုင်ကယ်(၄)စီး မီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.